မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
၁ သက် 3:10 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။ Common Language Bible သင်တို့ထံသို့ရောက်ရှိပြီးလျှင်သင်တို့ ယုံကြည်ခြင်းပါရမီကိုဖြည့်တင်းပေးခွင့် ကိုရနိုင်ရန် ငါတို့သည်နေ့ရောညပါစိတ် အားထက်သန်စွာဆုတောင်းပတ္ထနာပြုကြ၏။ Garrad Bible သင် တို့ မျက် နှာ ကို မြင်၍ သင် တို့ ယုံ ကြည် ခြင်း၌ လို သ မျှ ကို ဖြည့် စွက် ရန် ငါ တို့ သည် နေ့ ညဉ် မ ပြတ် အ ထူး တောင်း လျှောက် လျက် ရှိ နေ ကြ ၏။ Judson Bible သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညမပြတ် အလွန်တရာ ဆုတောင်းပတ္ထနာပြု၍ နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့နှင့် လူချင်း တွေ့၍ သင်တို့၏ ယုံကြည်ခြင်းတွင် လိုအပ်နေသေးသော အပိုင်းကို ဖြည့်တင်းပေးနိုင်ရန် နေ့ရောညပါ စိတ်အားထက်သန်စွာ ဆုတောင်းကြ၏။ |
မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
အကျွန်ုပ်တို့၏မျိုးနွယ်စု တစ်ဆယ့်နှစ်မျိုးသည် နေ့ရောညပါ စိတ်အားထက်သန်စွာဖြင့် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် ထိုကတိတော်အတိုင်း ခံစားရရန် မျှော်လင့်နေကြပါသည်။ အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ခြင်းအတွက် ဂျူးလူမျိုးတို့၏စွဲဆိုခြင်းကိုခံနေရပါသည်။
ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍
ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ငါတို့အားနည်းလျှင်လည်း သင်တို့အားကြီးသောအခါ ငါတို့ဝမ်းမြောက်ကြ၏။ သင်တို့သည် ပြည့်ဝစုံလင်သောသူဖြစ်ကြရန်အတွက်လည်း ငါတို့ဆုတောင်းကြ၏။
ဤသို့ ယုံကြည်စိတ်ချလျက် သင်တို့၏ယုံကြည်ခြင်းကြီးထွားမှုနှင့် ဝမ်းမြောက်မှုအတွက် ငါသည် ကိုယ်ခန္ဓာ၌တည်၍ သင်တို့အားလုံးနှင့်အတူ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ငါသိ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
ခရစ်တော်ယေရှု၏အစေအပါးဖြစ်၍ သင်တို့အထဲကတစ်ဦးဖြစ်သော ဧပဖြသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် စုံလင်ရင့်ကျက်သူအဖြစ်ရပ်တည်လျက် ဘုရားသခင်၏အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူသည် သင်တို့အတွက် အစဉ်အမြဲကြိုးစား၍ ဆုတောင်းပေးလျက်ရှိ၏။
ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေရှုသည် သင်တို့ထံသို့ ငါတို့လာမည့်လမ်းခရီးကို ပြင်ဆင်ပေးတော်မူပါစေသော။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
ငါသည် နေ့ရောညပါဆုတောင်းသောအခါ သင့်အကြောင်းကို အမြဲမပြတ်သတိရလျက် စင်ကြယ်သောအသိစိတ်ဖြင့် ဘိုးဘေးတို့လက်ထက်ကပင် ဝတ်ပြုလာခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့၌နေ၍ ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ကိုဝတ်ပြုရကြ၏။ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူစံမြန်းတော်မူလိမ့်မည်။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။