၁ သက် 3:10 - Common Language Bible10 သင်တို့ထံသို့ရောက်ရှိပြီးလျှင်သင်တို့ ယုံကြည်ခြင်းပါရမီကိုဖြည့်တင်းပေးခွင့် ကိုရနိုင်ရန် ငါတို့သည်နေ့ရောညပါစိတ် အားထက်သန်စွာဆုတောင်းပတ္ထနာပြုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 သင် တို့ မျက် နှာ ကို မြင်၍ သင် တို့ ယုံ ကြည် ခြင်း၌ လို သ မျှ ကို ဖြည့် စွက် ရန် ငါ တို့ သည် နေ့ ညဉ် မ ပြတ် အ ထူး တောင်း လျှောက် လျက် ရှိ နေ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညမပြတ် အလွန်တရာ ဆုတောင်းပတ္ထနာပြု၍ နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကျွန်ုပ်တို့သည် သင်တို့နှင့် လူချင်း တွေ့၍ သင်တို့၏ ယုံကြည်ခြင်းတွင် လိုအပ်နေသေးသော အပိုင်းကို ဖြည့်တင်းပေးနိုင်ရန် နေ့ရောညပါ စိတ်အားထက်သန်စွာ ဆုတောင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။-
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-