၁ ရာချုပ် 4:18 - မြန်မာ့စံမီသမ္မာကျမ်း မေရက်၏မယား ယေဟုဒိသည်လည်း ဂေဒေါ်၏ဖခင်ယေရက်၊ စောခေါ၏ဖခင်ဟေဗာနှင့် ဇာနော၏ဖခင်ယေကုသေလ တို့ကိုမွေးဖွား၏။ Judson Bible မယားယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဖွားမြင်၏။ |
ယေရမေလ၏ညီဖြစ်သောကာလက်၏သားများတွင် သားဦးမှာမေရှ၊ မေရှ၏သားမှာ ဇိဖ၊ ဇိဖ၏သားမှာ မရေရှ၊ မရေရှ၏သားမှာ ဟေဗြုန်ဖြစ်၏။
ဧဇရာ၏သားများမှာ ယေသာ၊ မေရက်၊ ဧဖေရ၊ ယာလုန် တို့ဖြစ်ကြ၏။ မေရက်၏မယား ဖာရော၏သမီးဗိသဟာသည် မိရိအံ၊ ရှမ္မဲ၊ ဧရှတမော၏ဖခင်ဣရှဘ တို့ကိုမွေးဖွား၏။
နာဟံ၏နှမ၊ ဟောဒိယ၏မယားမှမွေးဖွားသောသားများမှာ ဂါမိလူမျိုးကိလ၏ဖခင်နှင့် မာခါသိလူမျိုးဧရှတမော၏ဖခင် တို့ဖြစ်ကြ၏။
သူတို့သည် ဂေဒေါ်မြို့အဝင် အရှေ့ဘက်ချိုင့်ဝှမ်းလွင်ပြင်အထိ သွား၍ သိုးအုပ်အတွက် စားကျက်မြေကို ရှာဖွေကြရာ
ပေနွေလသည် ဂေဒေါ်၏ဖခင်၊ ဧဇာသည် ဟုရှ၏ဖခင် ဖြစ်၏။ ဤသူတို့သည် ဗက်လင်၏ဖခင်၊ ဧဖရတ်၏သားဦး ဟုရ၏သားမြေးများ ဖြစ်ကြ၏။