အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 3:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယော​ရှိ​တွင်​ယော​ဟာ​နန်၊ ယော​ယ​ကိမ်၊ ဇေ​ဒ​ကိ နှင့် ရှလ္လုံ​ဟူ​၍​သား​တော်​လေး​ပါး​ရှိ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယော ရှိ မင်း သား တော် ဦး ကား၊ ယော ဟ နန်။ ဒု တိ ယ သား တော်၊ ယော ယ ကိမ်။ တ တိ ယ သား တော်၊ ဇေ ဒ ကိ၊ စ တု တ္ထ သား တော်၊ ရှ လ္လုံ မင်း တို့ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ယော​ရှိ​သား​ဦး​ကား ယော​ဟာ​နန်၊ ဒု​တိ​ယ​သား ယော​ယ​ကိမ်၊ တ​တိ​ယ​သား ဇေ​ဒ​ကိ၊ စ​တု​တ္ထ​သား ရှ​လ္လုံ​တည်း။

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 3:15
13 ပူးပေါင်းရင်းမြစ်များ  

ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။


ဖာရော​နေခေါ​မင်းကြီး​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ဧလျာကိမ်​ကို ခမည်းတော်​ယောရှိ​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ ယောခတ်​မင်းကြီး​ကို အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​ပြီး ထို​ပြည်​တွင်​ပင် သူ​အနိစ္စရောက်​လေ​၏​။


ထို့ပြင် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​၏​ဘထွေး​တော်​မတ္တနိ​ကို မင်းကြီး​၏​အရိုက်အရာ​ဆက်ခံ​စေ​ပြီး ဇေဒကိ​ဟု​အမည်​ပြောင်း​ပေး​၏​။


မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။


ယောယကိမ်​၏​သား​မှာ ယေခေါနိ​၊ ယေခေါနိ​၏​သား​မှာ ဇေဒကိ ဖြစ်​၏​။


ထို့နောက် ပြည်သူပြည်သား​တို့​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ယောခတ်​အား ဂျေရုဆလင်​မြို့​တွင် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။


နှစ်​လည်​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ရဲမက်​များ​ကို​စေလွှတ်​၍ ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​လာ​စေ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​မှ​အဖိုးတန်​အသုံးအဆောင်​များ​ကို​လည်း သိမ်းယူ​လာ​စေ​၏​။ ထို့ပြင် ယောယခိမ်​မင်းကြီး​၏​ညီ​တော်​ဇေဒကိ​ကို မင်းမြှောက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို အုပ်စိုး​စေ​၏​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။


ခမည်းတော်​ယောရှိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​သော ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရှလ္လုံ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “သူ​သည် ဤ​ပြည်​မှ​ထွက်သွား​၍ နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။


ထို့ကြောင့် ယောရှိ​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အလို ငါ့​အစ်ကို​၊ အလို ငါ့​နှမ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။ အလို သခင်​၊ အလို ဘုန်းကြီးသောသူ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။


ထာဝရဘုရား​က ‘ငါ​သည် ယုဒ​ဘုရင်​ဇေဒကိ​မှစ၍ သူ​၏​မှူးမတ်​များ​နှင့် ဤ​ပြည်​၌​ကျန်ရစ်​သော ဂျေရုဆလင်​မြို့သူမြို့သား​များ​၊ အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်​သော​သူ​များ​ကို စား​၍​မ​ရ​အောင်​ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းတက်​စ​၌ ထာဝရဘုရား​ထံ​တော်​မှ ဤ​နှုတ်ကပတ်တော်​ရောက်လာ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က မင်းမြှောက်​လိုက်​သော ယောရှိ​မင်းကြီး​၏​သား​တော်​ဇေဒကိ​သည် ယောယကိမ်​မင်းကြီး​၏​သား​တော်​ခေါနိ​၏​နေရာ​၌ ယုဒ​ပြည်​ကို စိုးစံ​လေ​၏​။