မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
၁ ရာချုပ် 29:18 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်လူမျိုးတော်တို့၏စိတ်နှလုံးအကြံအစည်များ၊ စိတ်ဆန္ဒများကို ယခုကဲ့သို့အစဉ်အမြဲဖြစ်စေရန် စောင့်ထိန်းပေးတော်မူပါ။ ကိုယ်တော့်အဖို့ စိတ်နှလုံးအသင့်ရှိသောသူများ ဖြစ်စေတော်မူပါ။ Common Language Bible ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။- Garrad Bible ဘိုး ဘေး ဖြစ် သော အာ ဗြ ဟံ၊ ဣ ဇာက်၊ ဣ သ ရေ လ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ လူ မျိုး တော်၏ စိတ် အ ကြံ အ စည် တွင် ဤ အ ရေး ကို အ စဉ် နှ လုံး သွင်း စေ လျက် ဘက် တော် သို့ စိတ် သ ဘော ညီ ညွတ် စေ တော် မူ ပါ။ Judson Bible အကျွန်ုပ်တို့ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် ဤအမှုအရာများကို၊ အစဉ်အောက်မေ့စွဲလမ်းသော စိတ်သဘောရှိမည်အကြောင်း၊ သူတို့စိတ်နှလုံးသည် ကိုယ်တော်ဘက်၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ။ |
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
အကျွန်ုပ်၏သားတော်ရှောလမုန်အားလည်း ကိုယ်တော်၏ပညတ်တော်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းနိုင်ရန်နှင့် ဗိမာန်တော်ဆောက်လုပ်ဖို့ အကျွန်ုပ်ပြင်ဆင်ထားခဲ့သည့်အရာအားလုံးကို လုပ်ဆောင်နိုင်ရန်အတွက် စုံလင်သောစိတ်နှလုံးကို ပေးတော်မူပါ”ဟု ဆုတောင်းလေ၏။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကို မုန်းပါ၏။ သို့သော် ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်၍ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
ထာဝရဘုရားက “ဤအမှုကိုထောက်၍ သူတို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မူကြောင်း သူတို့ယုံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို မိမိမပိုင်၊ လမ်းလျှောက်နေသောသူသည် ကိုယ့်ခြေလှမ်းကို ကိုယ်မတည့်မတ်စေနိုင်သည်ကို အကျွန်ုပ်သိပါ၏။
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ဘုရားသည် မိမိအမှုဆောင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုအရှင်ကို ဖမ်းဆီးအပ်နှံ၍ သူ့ကိုလွှတ်ပေးမည်ဟုဆုံးဖြတ်ထားသောပိလတ်မင်းရှေ့၌ ငြင်းပယ်ကြ၏။
သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။
ငါ့ကိုကြောက်ရွံ့၍ ငါ၏ပညတ်တော်အလုံးစုံကို အစဉ်အမြဲစောင့်ထိန်းမည့်စိတ်သဘော သူတို့၌ ရှိမည်ဆိုလျှင် သူတို့နှင့်သူတို့၏သားမြေးတို့သည် အစဉ်ကောင်းစားလိမ့်မည်။
သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေရှုသည် သင်တို့ထံသို့ ငါတို့လာမည့်လမ်းခရီးကို ပြင်ဆင်ပေးတော်မူပါစေသော။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။