ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
၁ ရာချုပ် 28:7 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ငါ့ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ယခုကဲ့သို့မယိမ်းမယိုင်စောင့်ထိန်းမည်ဆိုလျှင် သူ့နိုင်ငံတော်ကို ထာဝရတည်စေမည်’ဟု မိန့်တော်မူပြီ။ Common Language Bible သူသည်ယခုတိုင်ဆက်လက်၍ငါ၏ ပညတ်တို့ကိုစောင့်ထိန်းပါမူ ငါသည် သူ၏နိုင်ငံကိုကာလအစဉ်အဆက် တည်တံ့စေတော်မူမည်' ဟုမိန့်တော်မူ၏။'' Garrad Bible ငါ မိန့် မှာ ဆုံး ဖြတ် ချက် များ ကို ယ နေ့ ကဲ့ သို့ စိတ် ပါ ကိုယ် ရောက် သူ လိုက် နာ လျှင် အုပ် စိုး ခွင့် ကို ကာ လ အ စဉ် ငါ တည် စေ မည် ဟု မိန့် တော် မူ ပြီ။ Judson Bible သူသည် ငါစီရင်ချက် ပညတ်တရားတို့ကို ယနေ့ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။ |
ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
သင့်ခမည်းတော်ဒါဝိဒ် လိုက်လျှောက်ခဲ့သည့်အတိုင်း သင်သည် ငါ့လမ်းသို့လိုက်၍ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စောင့်ထိန်းမည်ဆိုလျှင် သင့်အသက်တာကို ရှည်စေမည်”ဟု မိန့်တော်မူ၏။
ဤနေ့ကဲ့သို့ပင် ကိုယ်တော်၏ပြဋ္ဌာန်းချက်အတိုင်း လိုက်လျှောက်ရန်နှင့် ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းရန် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့စိတ်နှလုံးအကြွင်းမဲ့ဝန်ခံကြပါစေသော”ဟူ၍ ဖြစ်၏။
အစ္စရေးလူမျိုးတို့အဖို့ မောရှေအားဖြင့် ထာဝရဘုရား ပေးအပ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်လိုက်နာစောင့်ထိန်းလျှင် အောင်မြင်မှုကိုရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်ရွံ့နှင့်၊ စိတ်မပျက်နှင့်။
ယခု သတိပြုလော့။ သန့်ရှင်းရာဌာနဖြစ်သော အိမ်တော်ကို တည်ဆောက်ရန် သင့်ကိုထာဝရဘုရား ရွေးချယ်တော်မူပြီ။ အားယူ၍ဆောက်လုပ်ပါလော့”ဟု မိန့်ဆိုလေ၏။
သို့ဖြစ်၍ ထာဝရဘုရား၏လူထုဖြစ်သော အစ္စရေးလူမျိုးတစ်မျိုးလုံးရှေ့၊ ငါတို့ဘုရားသခင်ကြားတော်မူသောအရပ်တွင် ငါပြောမည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို ရှာဖွေ၍စောင့်ထိန်းကြလော့။ သို့မှ သင်တို့သည် ကောင်းမွန်သာယာသောပြည်ကို ပိုင်ဆိုင်ရ၍ သင်တို့၏သားမြေးတို့လည်း အစဉ်အမွေဆက်ခံရမည်။
သင်၏သားတို့သည် ငါ၏ပဋိညာဉ်နှင့် သူတို့အား ငါသင်ကြားပေးသော ငါ၏သက်သေခံချက်တို့ကို စောင့်ထိန်းကြလျှင် သူတို့၏သားများသည်လည်း သင်၏ရာဇပလ္လင်ပေါ် အစဉ်အမြဲထိုင်ရကြလိမ့်မည်”ဟူ၍ဖြစ်၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။