Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 28:7 - Common Language Bible

7 သူ​သည်​ယ​ခု​တိုင်​ဆက်​လက်​၍​ငါ​၏ ပ​ညတ်​တို့​ကို​စောင့်​ထိန်း​ပါ​မူ ငါ​သည် သူ​၏​နိုင်​ငံ​ကို​ကာ​လ​အ​စဉ်​အ​ဆက် တည်​တံ့​စေ​တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ မိန့် မှာ ဆုံး ဖြတ် ချက် များ ကို ယ နေ့ ကဲ့ သို့ စိတ် ပါ ကိုယ် ရောက် သူ လိုက် နာ လျှင် အုပ် စိုး ခွင့် ကို ကာ လ အ စဉ် ငါ တည် စေ မည် ဟု မိန့် တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သူ​သည် ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို ယ​နေ့​ကဲ့​သို့ အ​မြဲ​ကျင့်​လျှင် သူ၏​နိုင်​ငံ​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​သည် ငါ့​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ယခု​ကဲ့သို့​မယိမ်းမယိုင်​စောင့်ထိန်း​မည်​ဆို​လျှင် သူ့​နိုင်ငံ​တော်​ကို ထာဝရ​တည်​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 28:7
14 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-


ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။


အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။


အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊-


``သို့​ဖြစ်​၍​သင်​တို့​အား ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​ပ​ရိတ်​သတ်​ရှေ့​တော်​၌​လည်း ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​တည်း ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ထု ကြီး​၏​ရှေ့​၌​လည်း​ကောင်း၊ သင်​တို့​အား တာ​ဝန်​ပေး​အပ်​ပါ​၏။ သင်​တို့​သည်​ငါ တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ် တော်​မူ​သ​မျှ​တို့​ကို တိ​ကျ​စွာ​လိုက်​နာ ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည် ဤ​ပြည်​ကောင်း​ပြည်​မြတ်​ကို​ဆက်​လက် ပိုင်​ဆိုင်​ရ​ကြ​လျက် မိ​မိ​တို့​၏​သား​မြေး အား​အ​ဆက်​မ​ပြတ်​လွှဲ​ပြောင်း​ပေး အပ်​နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နည်း​တူ ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​လျှင် ငါ​သည်​သင့်​အား​ကြာ​ရှည် သော​အ​သက်​ကို​လည်း​ငါ​ပေး​မည်''ဟု​မိန့် တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ