၁ ရာချုပ် 28:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့ပြင် ငါ့အား ‘သင့်သားရှောလမုန်သည် ငါ့အိမ်တော်နှင့် ဝင်းတော်ကို တည်ဆောက်လိမ့်မည်။ သူ့ကိုငါရွေးချယ်ပြီး သူသည် ငါ့သားဖြစ်၍ ငါသည်လည်း သူ့ဖခင် ဖြစ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ``ထာဝရဘုရားကငါ့အား`သင်၏သား ရှောလမုန်သည်ငါ၏ဗိမာန်တော်ကိုတည် ဆောက်ရမည့်သူဖြစ်၏။ သူ့အားငါသည် ငါ၏သားအဖြစ်ဖြင့်ရွေးချယ်တော်မူ ပြီ။ ငါသည်လည်းသူ၏အဖဖြစ်လိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible6 ငါ နှင့် သား အ ဘ ဖြစ် အံ့ သော ငှါ ရွေး ကောက် သော သင့် သား ရှော လ မုန် သည် ငါ့ ဗိ မာန် တော်၊ တံ တိုင်း တော် များ ကို တည် ဆောက် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ်နှင့် ငါ့တံတိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သားအရာ၌ခန့်ထားခြင်းငှာ ရွေးကောက်ပြီ။ ငါသည် သူ၏အဘဖြစ်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။