ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
၁ ရာချုပ် 22:7 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။ Common Language Bible ဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။- Garrad Bible ငါ့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ဗိ မာန် တော် ကို ကိုယ် တိုင် တည် ဆောက် ရန် ကြံ ရွယ် သော် လည်း၊ Judson Bible ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။ |
ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
အစ္စရေးလူမျိုးတို့ အစဉ်အမြဲပြုရန် ပြဋ္ဌာန်းထားသည်နှင့်အညီ အကျွန်ုပ်သည် ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန်အတွက်၊ ရှေ့တော်မုန့်ကိုလည်း ပုံမှန်တင်လှူပူဇော်ရန်နှင့် နံနက်ချိန်၊ နေဝင်ချိန်၊ ဥပုသ်နေ့များ၊ လဆန်းနေ့များ၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များတွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်အတွက် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို ဆောက်လုပ်ဆက်ကပ်မည်။
ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။