တရားဟော 12:21 - မြန်မာ့စံမီသမ္မာကျမ်း21 နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။- အခန်းကိုကြည့်ပါ။Garrad Bible21-22 နာ မ တော် တည် ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န ဝေး ကွာ သည် ဖြစ် က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော နွား၊ သိုး၊ ဆိတ် တို့ အ နက် ငါ မိန့် မှာ ချက် အ တိုင်း၊ မြို့ ရွာ များ အ တွင်း စီ ရင် လျက်၊ သမင် ဒ ရယ် သား ကို စား ရ သည့် နည်း တူ၊ သင် တို့ မှ စ၍ မ သန့် သူ သန့် သူ တို့ ပါ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အာဏာကိုတည်မြဲစေပြီး ဆက်လက်အုပ်စိုး၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသော ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ်စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။