ထို့ကြောင့် သခင့်အစေအပါးသည် သူငယ်အစား သခင့်ထံ၌ ကျွန်အဖြစ်နေရစ်ခဲ့ပါရစေ။ သူငယ်ကို သူ၏အစ်ကိုတို့နှင့်အတူ ပြန်သွားခွင့်ပြုပါ။
၁ ရာချုပ် 21:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “လူဦးရေစာရင်းကောက်ယူရန် စေခိုင်းခဲ့သူမှာ အကျွန်ုပ်ပင် ဖြစ်သည်မဟုတ်လော။ ဆိုးညစ်မှုကိုပြုပြီး အပြစ်ရှိသူမှာ အကျွန်ုပ်ပင်ဖြစ်သည် မဟုတ်လော။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့ကိုသာ ကိုယ်တော်၏လက်သို့ ကျရောက်စေပါ။ ကိုယ်တော်၏လူမျိုးတော်တို့အပေါ်သို့ ဘေးဒဏ်မကျရောက်ပါစေနှင့်”ဟု လျှောက်တင်လေ၏။ Common Language Bible ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။ Garrad Bible ဒါ ဝိဒ် မင်း က၊ လူ မျိုး ကို စာ ရင်း ကောက် ရန် အ မိန့် ပေး သူ သည် အ ကျွန်ုပ် မ ဟုတ် ပါ လော။ ပြစ် မှား ၍ ဒု စ ရိုက် ပြု မိ သူ ကား အ ကျွန်ုပ် ပါ တည်း။ ဤ သိုး စု မှာ မူ မည် သို့ ပြု ဘိ သ နည်း။ အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘုရား အ ကျွန်ုပ် နှင့် ဆွေ သား မျိုး ချင်း တို့ အ ပေါ် တွင် သာ လက် တော် သင့် ရောက် ပါ စေ သော။ လူ မျိုး တော် ကို ဒဏ် ခတ် ရန် သင့် ရောက် တော် မ မူ ပါ စေ လင့် ဟု ဘု ရား သ ခင် အား တောင်း လျှောက် သည့် ကာ လ၊ Judson Bible ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှာ စီရင်သောသူကား အကျွန်ုပ်ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ်ခတ်ခြင်းငှာ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။ |
ထို့ကြောင့် သခင့်အစေအပါးသည် သူငယ်အစား သခင့်ထံ၌ ကျွန်အဖြစ်နေရစ်ခဲ့ပါရစေ။ သူငယ်ကို သူ၏အစ်ကိုတို့နှင့်အတူ ပြန်သွားခွင့်ပြုပါ။
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “အကျွန်ုပ်သည် ဤအမှုကိုပြုခြင်းဖြင့် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။
ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
သူက “ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ပစ်ချလော့။ သို့ပြုလျှင် ပင်လယ်သည် ငြိမ်သက်သွားလိမ့်မည်။ ငါ့ကြောင့် ဤလေမုန်တိုင်းကြီး သင်တို့အပေါ်ကျရောက်ကြောင်းကို ငါသိ၏”ဟု ပြန်ပြော၏။
အမှန်စင်စစ် သွေးသားဇာတိအားဖြင့် ငါ၏အမျိုးသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါကိုယ်တိုင် ခရစ်တော်နှင့်ကွဲကွာလျက် ကျိန်ခြင်းကိုပင် ခံလိုသောဆန္ဒရှိ၏။
ယခုလည်း သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားကြပြီ။ ယနေ့ ထာဝရဘုရားကို သင်တို့ပုန်ကန်လျှင် မနက်ဖြန်တွင် အစ္စရေးလူအပေါင်းတို့ကို အမျက်ထွက်တော်မူလိမ့်မည်။
ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။