Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 21:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဒါဝိဒ်​မင်းကြီး​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် ဤ​အမှု​ကို​ပြု​ခြင်း​ဖြင့် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲသောအမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဒါ ဝိဒ် မင်း က၊ အ ကျွန်ုပ် ဤ သို့ ပြု၍ ကြီး လှ စွာ ပြစ် မှား မိ ပါ ပြီ။ အ လွန် မိုက် မှား မိ သော ကျွန် တော် မျိုး၏ ဒု စ ရိုက် မှု ကို ပယ် ပ တော် မူ ပါ ဟု ဘု ရား သ ခင် အား အ သ နား တော် ခံ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကျွန်၏ အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 21:8
16 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​၏​သား​တို့​သည် ထို​သတင်း​ကို​ကြားလျှင်ကြားချင်း တော​မှ​ပြန်လာ​ကြ​၏​။ သူ​တို့​သည် စိတ်ထိခိုက်​၍ အလွန်​အမျက်ထွက်​ကြ​၏​။ အကြောင်းမူကား ရှေခင်​သည် ယာကုပ်​၏​သမီး​နှင့်​အိပ်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​၌ ယုတ်ညံ့​သော​အမှု​ကို​ပြု​၏​။ ဤ​အမှု​သည် မ​ပြုအပ်​သော​အမှု​ဖြစ်​၏​။


ထိုအခါ ဒါဝိဒ်​မင်းကြီး​က နာသန်​အား “​ထာဝရဘုရား​ကို ငါ​ပြစ်မှား​မိ​ပါ​ပြီ​”​ဟု ဆို​လျှင် နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထာဝရဘုရား​သည် မင်းကြီး​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပြီ​ဖြစ်၍ မင်းကြီး မ​သေ​ရ​ပါ​။


ဤသို့​ပြု​လျှင် အကျွန်ုပ်​ဘယ်သွားသွား ကဲ့ရဲ့​ခံရ​ပါ​လိမ့်မည်​။ သင်​သည်​လည်း အစ္စရေး​လူမျိုး​တွင် မိုက်မဲ​သော​သူ​တစ်​ဦး ဖြစ်​ရ​ပါ​လိမ့်မည်​။ ထို့ကြောင့် ရှင်ဘုရင်​ကို လျှောက်တင်​ပါ​လော့​။ သင်​နှင့်​အကျွန်ုပ်​ကို သဘော​မ​တူ​ဘဲ​မ​နေ​ပါ​”​ဟု ဆို​သော်လည်း


ဒါဝိဒ်​မင်းကြီး​သည် ထိုသို့ လူ​အရေအတွက်​စာရင်း​ကို ကောက်ယူ​ပြီးမှ နောင်တရ​သဖြင့် ထာဝရဘုရား​အား “​အကျွန်ုပ်​သည် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲ​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။


ဤ​အမှု​သည် ဘုရားသခင်​ရှေ့​တွင် ဆိုးညစ်​သော​အမှု​ဖြစ်​သောကြောင့် အစ္စရေး​လူမျိုး​ကို ဒဏ်ခတ်​တော်မူ​ရာ


“ ‘​အကျွန်ုပ်​တို့​အပေါ် သင့်​ခမည်းတော်​တင်​သော​ထမ်းပိုး​ကို ပေါ့​စေ​တော်မူ​ပါ​’​ဟု တောင်းဆို​လာ​သော ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်​ကို အကြံပေး​ကြ​ပါ​”​ဟု သူ​တို့​အား တိုင်ပင်မေးမြန်း​လျှင်


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဒုစရိုက်​သည်​ကြီးမား​လှ​သောကြောင့် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ ခွင့်လွှတ်​တော်မူ​ပါ​။


အကျွန်ုပ်​သည် အကျွန်ုပ်​၏​အပြစ်​ကို ကိုယ်တော်​ထံ​ဝန်ချ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို​လည်း ဖုံးအုပ်​မ​ထား​ပါ​။ “​အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ထာဝရဘုရား​ထံ​ဖော်ပြဝန်ခံ​မည်​”​ဟု အကျွန်ုပ်​ပြောဆို​ခဲ့​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​အပြစ်​ဒုစရိုက်​ကို ခွင့်လွှတ်​တော်မူ​၏​။(​စေလာ)


သင်​၏​ဒုစရိုက်​တို့​ကို ဝန်ခံ​လော့​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပုန်ကန်​၍ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌ တစ်ပါးအမျိုးသား​တို့​နှင့် မွေ့လျော်​၏​။ ငါ့​စကား​ကို​လည်း သင်​နား​မ​ထောင်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။


ထိုအခါ ရှောလု​မင်းကြီး​က “​ငါ​အပြစ်ပြု​မိ​လေ​ပြီ​။ ငါ့​သား​ဒါဝိဒ်​၊ ပြန်လာ​ပါ​။ သင့်​ကို နောက်ထပ်​အန္တရာယ်​မ​ပြု​တော့​ပါ​။ ကြည့်ရှု​လော့​။ ငါ​သည် မိုက်မဲ​လျက် အမှားကြီးမှား​နေ​သော်လည်း ယနေ့​တွင် သင်​သည် ငါ့​အသက်​ကို တန်ဖိုးထား​လေ​ပြီ”​ဟု ပြန်​အော်ပြော​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ