Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 44:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ထို့ကြောင့် သခင့်​အစေအပါး​သည် သူငယ်​အစား သခင့်​ထံ၌ ကျွန်​အဖြစ်​နေရစ်​ခဲ့​ပါရစေ​။ သူငယ်​ကို သူ​၏​အစ်ကို​တို့​နှင့်အတူ ပြန်သွား​ခွင့်​ပြု​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ထို့​ကြောင့်​သူ​ငယ်​၏​ကိုယ်​စား​ကျွန်​တော်​သည် အ​ရှင့်​ထံ​၌​ကျွန်​ခံ​နေ​ရစ်​ပါ​ရ​စေ။ သူ​ငယ် ကို​သူ​၏​အစ်​ကို​များ​နှင့်​ပြန်​ခွင့်​ပြု​ရန်​တောင်း ပန်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 သို့ ဖြစ်၍ သူ ငယ့် ကိုယ် စား နေ ရစ် လျက် အ ရှင့် ထံ ကျွန် ခံ ပါ မည်။ သူ ငယ် ကို ကား အစ် ကို တို့ နှင့် အ တူ ပြန် သွား ခွင့် ပြု တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် သူ​ငယ်​အ​တွက်​နေ​ရစ်၍ သ​ခင်​ထံ​ကျွန်​ခံ​ရ​သော​အ​ခွင့်၊ သူ​ငယ်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 44:33
9 ပူးပေါင်းရင်းမြစ်များ  

အိမ်ထိန်း​က “​ကောင်း​ပြီ​။ သင်​တို့​၏​စကား​အတိုင်း​ဖြစ်​စေ​။ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို တွေ့​လျှင် ထို​သူ​သည် ငါ့​ထံ၌​ကျွန်ခံ​ရ​မည်​။ ကျန်သောသူ​တို့​မူကား ကင်းလွတ်​စေ​”​ဟု ဆို​လေ​၏​။


သခင့်​အစေအပါး​အကျွန်ုပ်​က ‘​သူငယ်​ကို အဖေ့​ထံသို့​ပြန်​မ​ခေါ်လာ​ခဲ့​လျှင် အကျွန်ုပ်​သည် အဖေ​၏​အပြစ်တင်​ခြင်း​ကို အစဉ်အမြဲ​ခံယူ​ပါ​မည်​’​ဟု ဆို​လျက် အဖေ့​ထံ​သူငယ်​အတွက်​အာမခံ​ခဲ့​ပါ​၏​။


အကျွန်ုပ်​နှင့်အတူ သူငယ်​မ​ပါ​လျှင် အကျွန်ုပ်​သည် ဖခင်​ထံသို့ မည်သို့​ပြန်သွား​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​ဖခင်​ကြုံတွေ့​ရ​မည့်​စိတ်ဒုက္ခ​ကို အကျွန်ုပ်​မ​မြင်​လို​ပါ​”​ဟု လျှောက်​လေ​၏​။


လူ​တို့​ကို​ဒဏ်ခတ်​သော​ကောင်းကင်တမန်​ကို မြင်​သောအခါ ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​အား “​အပြစ်ပြု​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ အမှား​ကျူးလွန်​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ ဤ​သိုး​တို့​မူကား မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​နှင့်​အကျွန်ုပ်​ဘိုးဘေး​၏​အိမ်သူအိမ်သား​တို့​၌​သာ ကိုယ်တော်​၏​လက်​တော် ကျရောက်​စေ​ပါ​”​ဟု လျှောက်တင်​လေ​၏​။


သို့သော် သူ​တို့​၏​အပြစ်​ကို​ခွင့်လွှတ်​လျှင်​လည်း ခွင့်လွှတ်​တော်မူ​ပါ​။ ထိုသို့​မ​ဟုတ်​လျှင် ကိုယ်တော်​ရေးမှတ်​ထား​သော​စာရင်း​မှ အကျွန်ုပ်​ကို​ပယ်ဖျက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။


အမှန်စင်စစ် သွေးသား​ဇာတိ​အားဖြင့် ငါ​၏​အမျိုးသား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီအစ်ကို​တို့​အတွက် ငါ​ကိုယ်တိုင် ခရစ်တော်​နှင့်​ကွဲကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။


ဤသို့ဖြင့် ယေရှု​သည် သာ၍​မြတ်​သော​ပဋိညာဉ်​၏​အာမခံ​ဖြစ်​တော်မူ​၏။


ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ