ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဗက်လင်မြို့သား၊ ယာဣရု၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုး ဂေါလျတ်ကို သတ်လိုက်၏။
၁ ရာချုပ် 20:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ယာဣရ၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုးဂေါလျတ်၏ညီ လာခမိကို သတ်လိုက်၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။ Garrad Bible တစ် ဖန် ဖိ လိ တ္တိ လူ မျိုး ကို စစ် တိုက် ကြ ပြန် သော် ယာ ဣ ရ သား ဧ လ ဟာ နန် သည် ရက် ကန်း လက် လိပ် နှင့် အ မျှ လှံ ရိုး ကို ကိုင် သော ဂါ သ မြို့ သား ဂေါ လျတ်၏ ညီ၊ လာ ခ မိ ကို သတ် လေ ၏။ Judson Bible နောက်တစ်ဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။ |
ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဗက်လင်မြို့သား၊ ယာဣရု၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုး ဂေါလျတ်ကို သတ်လိုက်၏။
သူသည် အရပ်ငါးတောင်ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင် လူတစ်ဦးက
ဖိလိတ္တိတပ်စခန်းဘက်မှ ဂေါလျတ်ဟုအမည်ရှိ၍ အရပ်ခြောက်တောင်တစ်ထွာရှိသော ဂါသမြို့သား လူစွမ်းကောင်းတစ်ဦး ထွက်လာ၏။
သူ၏လှံရိုးမှာ ရက်ကန်းလိပ်တုံးတမျှရှိ၍ လှံသွားအလေးချိန်မှာ သံရှယ်ကယ်ခြောက်ရာ ရှိ၏။ သူ့ရှေ့တွင် ဒိုင်းလွှားကိုင်သူတစ်ဦး ပါရှိ၏။
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။
အဟိမလက်သည် သူ့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပြီး သူ့ကို စားစရာများလည်း ပေးပါ၏။ ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားကိုလည်း သူ့အား ပေးလိုက်ပါ၏”ဟု လျှောက်လေ၏။