တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
၁ ရာချုပ် 20:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ဂေဇာမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲဖြစ်ရာ ဟုရှသိလူမျိုးသိဗေခဲသည် ရေဖိမ်အနွယ်ဝင်သိပ္ပဲကို သတ်လိုက်သဖြင့် ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်လေ၏။ Common Language Bible ထိုနောက်တစ်ဖန်ဂေဇာမြို့တွင်ဖိလိတ္တိ အမျိုးသားတို့နှင့်စစ်ဖြစ်ပြန်၏။ ဤ တိုက်ပွဲတွင်ဟုရှသိမြို့မှသိဗေခဲသည် သာဖဆိုသူကြီးမားသောစစ်သူရဲကြီး ကိုလုပ်ကြံလိုက်သဖြင့် ဖိလိတ္တိအမျိုး သားတို့သည်အရေးရှုံးနိမ့်သွားကြ၏။ Garrad Bible ထို နောက် ဂေ ဇာ မြို့ တွင် ဖိ လိ တ္တိ လူ မျိုး ကို စစ် တိုက် ကြ ရာ ဟု ရှ မြို့ သား သိ ဗေ ခဲ သည် ရေ ဖိမ့် အ နွယ် သိ ပ္ပဲ ကို သတ် ၍ ဖိ လိ တ္တိ ဗိုလ် ထု ကို နှိမ် နှင်း လေ ၏။ Judson Bible နောက်တစ်ဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကိုသတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
တစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်လာတိုက်ကြပြန်၏။ ဒါဝိဒ်မင်းကြီးသည် မိမိစစ်သည်တို့နှင့်အတူသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရာ ဒါဝိဒ်မင်းကြီး အလွန်မောပန်းနေစဉ်တွင်
အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိတပ်ကို ဂိဗောင်မြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။
အဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောအဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုးသား ဟုရှသိလူမျိုး သိဗေခဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။