၁ ရာချုပ် 20:1 - မြန်မာ့စံမီသမ္မာကျမ်း
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့စစ်ထွက်တိုက်ချိန်ရောက်သောအခါ ယွာဘသည် စစ်သည်အလုံးအရင်းကို ဦးဆောင်လျက် အမ္မုန်အမျိုးသားတို့၏ပြည်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း သွားရောက်ဝိုင်းရံထား၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ခိုက်အောင်နိုင်လေ၏။
အခန်းကိုကြည့်ပါ။
နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
အခန်းကိုကြည့်ပါ။
ဘု ရင် မင်း တို့ စစ် ချီ လေ့ ရှိ သော နှစ် ဦး သ မ ယ တိုင် ရောက် သော အ ခါ ယေ ရု ရှ လင် မြို့ တွင် ဒါ ဝိဒ် မင်း စံ နေ ရစ် ရာ ယွာ ဘ သည် ဗိုလ် ထု အ လုံး အ ရင်း ကို ခေါ် ဆောင် လျက် အ မ္မုန် ပြည် ကို တိုက် ဖျက် ပြီး မှ ရ ဗ္ဗာ မြို့ ကို ချဉ်း ကပ် ဝိုင်း ဝန်း၍ လုပ် ကြံ ဖြို လှဲ လေ ၏။
အခန်းကိုကြည့်ပါ။
အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ယွာဘသည် ဗိုလ်ခြေအလုံးအရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင် ယေရုရှလင်မြို့၌ နေလေ၏။
အခန်းကိုကြည့်ပါ။