ယုဒ၏ချွေးမတာမာသည် ဖာရက်နှင့်ဇေရတို့ကို မွေးဖွား၏။ ထို့ကြောင့် ယုဒတွင် စုစုပေါင်းသားငါးယောက် ရှိ၏။
ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
ချွေး မ တာ မာ တွင် ရ သော သား များ ကား၊ ဖာ ရက် နှင့် ဇေ ရ တို့ တည်း။ ယု ဒ သား ပေါင်း ကား၊ ငါး ယောက် တို့ တည်း။
ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။
ယုဒက မိမိ၏သားရှေလသည်လည်း သူ၏အစ်ကိုများကဲ့သို့ သေမည်ကိုစိုးရိမ်သဖြင့် မိမိ၏ချွေးမတာမာအား “ရှေလကြီးပြင်းသည်အထိ သင့်ဖခင်၏အိမ်၌ မုဆိုးမအဖြစ်နှင့်နေလော့”ဟု ဆိုလေ၏။ ထို့ကြောင့် တာမာသည်သွား၍ မိမိဖခင်၏အိမ်၌နေထိုင်လေ၏။
ဖာရက်၏သားများမှာ ဟေဇရုန်နှင့်ဟာမုလ တို့ဖြစ်ကြ၏။
ယုဒ၏သားများမှာ ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗလ တို့ဖြစ်ကြ၏။
ယုဒအမျိုးသား ဖာရက်၏သားမြေးများမှ ဗာနိ၏တီ၊ ဣမရိ၏မြစ်၊ ဩမရိ၏မြေး၊ အမိဟုဒ်၏သား ဥသဲ၊
ဇေရ၏သားမြေးများမှ ယွေလနှင့် သူ၏ဆွေမျိုးသားချင်း ပေါင်းခြောက်ရာကိုးဆယ်၊
ယုဒ၏သား ဇေရသားမြေးမှ ဆင်းသက်လာသောမေရှဇဗေလ၏သား ပေသဟိသည် ပြည်သူပြည်သားတို့၏အမှုကိစ္စအားလုံးကို စီမံရသော ရှင်ဘုရင်၏လက်ရုံးဖြစ်၏။
ဂျေရုဆလင်မြို့တွင် ယုဒအမျိုးသားအချို့နှင့် ဗင်္ယာမိန်အမျိုးသားအချို့တို့ နေထိုင်ကြ၏။ ထိုသူတို့မှာ ယုဒအမျိုးသားတွင် ဖာရက်သားမြေးမှဆင်းသက်လာသောမဟာလေလ၏တွတ်၊ ရှေဖတိ၏တီ၊ အာမရိ၏မြစ်၊ ဇာခရိ၏မြေး၊ ဩဇိ၏သားအသာယနှင့်
ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု၊ ရှောလမှဆင်းသက်သော ရှောလမျိုးနွယ်စု တို့ဖြစ်ကြ၏။
ယုဒသည် တာမာအားဖြင့် သားဖာရက်နှင့်ဇာရကိုရ၏။ ဖာရက်သည် သားဟေဇရုံကိုရ၏။ ဟေဇရုံသည် သားအာရံကိုရ၏။
နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊
ထာဝရဘုရားက ဤမိန်းမငယ်အားဖြင့် သင့်အားပေးတော်မူမည့် သင့်အမျိုးအနွယ်သည် ယုဒနှင့်တာမာမှဆင်းသက်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော”ဟု ဆိုကြ၏။
ဖာရက်၏ဆွေစဉ်မျိုးဆက်စာရင်းကား ဤသို့ဖြစ်၏။ ဖာရက်၏သား ဟေဇရုန်၊