၁ ရာချုပ် 2:4 - Common Language Bible4 ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ချွေး မ တာ မာ တွင် ရ သော သား များ ကား၊ ဖာ ရက် နှင့် ဇေ ရ တို့ တည်း။ ယု ဒ သား ပေါင်း ကား၊ ငါး ယောက် တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible4 ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ယုဒ၏ချွေးမတာမာသည် ဖာရက်နှင့်ဇေရတို့ကို မွေးဖွား၏။ ထို့ကြောင့် ယုဒတွင် စုစုပေါင်းသားငါးယောက် ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။
ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။