အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ ဇောဘမြို့နှင့် ရဟောဘမြို့မှဆီးရီးယားလူမျိုး၊ တောဘနှင့် မာခါအမျိုးသားတို့မူကား မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။
၁ ရာချုပ် 19:9 - မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ လိုက်ပါလာသောဘုရင်တို့မှာ မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။ Common Language Bible အမ္မုန်အမျိုးသားတို့သည်လာရောက်၍ မိမိ တို့၏မြို့တော်ရဗ္ဗာမြို့အဝင်တွင်နေရာယူ ကြ၏။ စစ်ကူရောက်ရှိလာကြသောဘုရင် တို့သည်လည်းကွင်းပြင်တွင်နေရာယူ ကြကုန်၏။ Garrad Bible အ မ္မုန် အ မျိုး သား တို့ သည် ချီ ထွက်၍ မြို့ တံ ခါး အ နီး တွင် စီ စဉ် ခင်း ကျင်း လျက် ချီ လာ သော ဘု ရင် မင်း တို့ ကား လွင် ပြင်၌ အ သီး အ ခြား နေ ကြ၏။ Judson Bible အမ္မုန်အမျိုးသားတို့သည် ထွက်၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသောမင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။ |
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ ဇောဘမြို့နှင့် ရဟောဘမြို့မှဆီးရီးယားလူမျိုး၊ တောဘနှင့် မာခါအမျိုးသားတို့မူကား မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့ ကောင်းမည်ထင်သည့်အတိုင်း ငါပြုပါမည်”ဟု မိန့်ဆိုပြီး မြို့တံခါးနားတွင် ရပ်နေခဲ့၏။ လူအပေါင်းတို့မူကား ရာအုပ်လိုက်၊ ထောင်အုပ်လိုက် ချီသွားကြလေ၏။
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
ယခု ဤသို့ပြုပါလော့။ ရှင်ဘုရင်တို့ကို ချန်လှပ်ထားပြီး သူတို့အစား ဘုရင်ခံတို့ကို ခန့်ထားတော်မူပါ။
ယွာဘသည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်ခင်းကျင်းထားသည်ကို မြင်လျှင် အစ္စရေးစစ်သူရဲများထဲမှ လက်ရွေးစင်အချို့ကို ဆီးရီးယားလူမျိုးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ခင်းကျင်း၏။
ထိုသတင်းကို ဒါဝိဒ်မင်းကြီးကြားလျှင် ယွာဘနှင့် စစ်သူရဲတပ်တစ်တပ်လုံးကို စေလွှတ်၏။
အဘိယမင်းကြီးသည် လက်ရွေးစင်စစ်သူရဲအယောက်လေးသိန်းတို့နှင့်အတူ စစ်ချီထွက်၏။ ယေရောဗောင်မင်းကြီးသည်လည်း လက်ရွေးစင်စစ်သူရဲအယောက်ရှစ်သိန်းနှင့်အတူ အဘိယမင်းကြီးကို တိုက်ခိုက်ရန် စစ်ချီလာ၏။
အာသမင်းကြီးလည်း သူ့ကိုရင်ဆိုင်တိုက်ခိုက်ရန် စစ်ချီထွက်ပြီး မရေရှမြို့အနီး ဇေဖသချိုင့်ဝှမ်းတွင် စစ်ခင်းကျင်းထား၏။
တရားပလ္လင်ပေါ်ထိုင်သောသူအတွက် တရားမျှတခြင်းဝိညာဉ်၊ မြို့တံခါး၌ ရန်သူကိုတွန်းလှန်သောသူတို့အတွက် ရဲစွမ်းသတ္တိ ဖြစ်တော်မူမည်။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့မြင်းကိုစီး၍ စစ်ချီလာသောအသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဘေဘီလုံသမီးပျို၊ သူတို့သည် စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ။
သူတို့သည် စစ်ရထားချီသံကဲ့သို့လည်းကောင်း၊ ရိုးပြတ်ကို လောင်ကျွမ်းသောမီးတောက်မီးလျှံအသံကဲ့သို့လည်းကောင်း၊ စစ်တလင်းပြင်မှ စစ်သည်အင်အားထုကြီးကဲ့သို့လည်းကောင်း တောင်ထိပ်ပေါ်သို့ ကဆုန်ပေါက်တက်လာကြလေပြီ။
ရှောလုမင်းကြီးနှင့် အစ္စရေးအမျိုးသားတို့မူကား ဧလာချိုင့်တွင် စုဝေးစခန်းချကြပြီး ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်ကြ၏။