Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 19:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ယွာဘ​သည် အရှေ့ဘက်​နှင့် အနောက်ဘက်​တွင် စစ်ခင်းကျင်း​ထား​သည်​ကို မြင်​လျှင် အစ္စရေး​စစ်သူရဲ​များ​ထဲမှ လက်ရွေးစင်​အချို့​ကို ဆီးရီးယား​လူမျိုး​တို့​နှင့် ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ခင်းကျင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ယွာ ဘ သည် ရှေ့ တပ် နောက် တပ်၊ နှစ် ဘက် ညှပ် ကြောင်း မြင် လျှင် ဣ သ ရေ လ လက် ရွေး သူ ရဲ တို့ ကို ကောက် လျက် ရှု ရိ တပ် ကို ဆီး ဆို့ ရန် ခင်း ကျင်း ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ယွာ​ဘ​သည်​လည်း ရှေ့၌​လည်း​ကောင်း၊ နောက်၌​လည်း​ကောင်း၊ စစ်​မျက်​နှာ​နှစ်​ဖက်​ရှိ​သည်​ကို မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​တွင် သန်​မြန်​သော​သူ​ရှိ​သ​မျှ​တို့​ကို ရွေး​ကောက်၍ ရှု​ရိ​လူ​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 19:10
5 ပူးပေါင်းရင်းမြစ်များ  

ကျန်​လူ​တို့​ကို ညီ​အဘိရှဲ​လက်​သို့​အပ်​ပြီး အမ္မုန်​အမျိုးသား​တို့​နှင့်​တိုက်ခိုက်​ရန် စစ်ခင်းကျင်း​စေ​၏​။


အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ လိုက်ပါ​လာ​သော​ဘုရင်​တို့​မှာ မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။


ကင်းပုန်းတပ်​က​လည်း မြို့​ထဲမှ​ထွက်လာ​၍ အာဣ​စစ်သည်​တို့​ကို တိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​စစ်သည်​နှစ်​ဖွဲ့​ကြား​တွင် ပိတ်​မိ​လေ​၏​။ အစ္စရေး​စစ်သည်​တို့​သည် အာဣ​စစ်သည်​တို့ အသက်ရှင်​ကျန်ရစ်​သူ​၊ ထွက်ပြေး​လွတ်မြောက်​သူ တစ်ယောက်​မျှ​မ​ရှိ​အောင် သတ်ဖြတ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ