Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 19:9 - Common Language Bible

9 အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ မ္မုန် အ မျိုး သား တို့ သည် ချီ ထွက်၍ မြို့ တံ ခါး အ နီး တွင် စီ စဉ် ခင်း ကျင်း လျက် ချီ လာ သော ဘု ရင် မင်း တို့ ကား လွင် ပြင်၌ အ သီး အ ခြား နေ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​မ္မုန်​အ​မျိုး​သား​တို့​သည် ထွက်၍ မြို့​တံ​ခါး​ဝ​မှာ စစ်​ခင်း​ကျင်း​ကြ၏။ စစ်​ကူ​သော​မင်း​ကြီး​တို့​သည် လွင်​ပြင်၌ တ​ခြား​စီ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ လိုက်ပါ​လာ​သော​ဘုရင်​တို့​မှာ မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 19:9
12 ပူးပေါင်းရင်းမြစ်များ  

အမ္မုန်​ပြည်​သား​တို့​သည်​ရဗ္ဗာ​မြို့​မှ​ထွက်​ပြီး လျှင် မြို့​တံ​ခါး​အ​နီး​တွင်​နေ​ရာ​ယူ​ကြ​၏။ ရှု​ရိ​ပြည်​သား​များ၊ တော​ဘ​မြို့​သား​များ နှင့်​မာ​ခါ​၏​လူ​များ​အ​စ​ရှိ​သော​အ​ခြား သူ​တို့​မူ​ကား​လွင်​ပြင်​၌​နေ​ရာ​ယူ​ကြ လေ​သည်။


မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။-


ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-


ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။-


ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-


ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။-


အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။


ထို​အ​ခါ​အာ​သ​သည်​ထို​သူ​အား​တိုက်​ခိုက် ရန်​ထွက်​လာ​ပြီး​လျှင် ဇေ​ဖ​သ​ချိုင့်​ဝှမ်း​တွင် နေ​ရာ​ယူ​၍၊-


ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။


သူ​တို့​သည်​မိ​မိ​တို့​လေး​များ​နှင့်​ဋ္ဌား​များ​ကို ကိုင်​စွဲ​ကြ​လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ပေ​သည်။ သူ​တို့​၏​မြင်း​ခွာ​သံ​များ​သည်​ပင်​လယ်​ရေ မြည်​ဟီး​သံ​နှင့်​တူ​၏။ သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ရန် အ​သင့်​ရှိ​ကြ​လေ​ပြီ။


သူ​တို့​သည်​တောင်​ရိုး​များ​ပေါ်​တွင်​ခုန်​လွှား​ကာ စစ်​မြင်း​ရ​ထား​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ခြောက်​မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း အော်​မြည်​ကြ​၏။ သူ​တို့​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ရှိ​သည့် တပ်​မ​တော်​ကြီး​ကဲ့​သို့​စီ​တန်း​လျက်​နေ​ကြ​၏။


ရှော​လု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် လည်း​စု​ရုံး​၍ ဝက်​သစ်​ချ​ချိုင့်​ဝှမ်း​တွင်​တပ်​ချ ပြီး​လျှင်​ဖိ​လိတ္တိ​တပ်​သား​တို့​အား​တိုက်​ခိုက် ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ