သူတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသော တဲတော်အတွင်း သူ့နေရာတွင် ချထားကြ၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။
၁ ရာချုပ် 17:5 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့ကို ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့်မစံမြန်း။ စံတော်မူရာတဲတော်တစ်ခုမှတစ်ခုသို့သာ ပြောင်းနေခဲ့ပြီ။ Common Language Bible ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါသည်အဘယ် အခါမျှဗိမာန်တော်တွင်မကျိန်းမဝပ်ခဲ့။ တဲ တော်များတွင်သာလျှင်ကျိန်းဝပ်၍ တစ်နေရာ မှတစ်နေရာသို့ပြောင်းရွှေ့ခဲ့၏။- Garrad Bible ဣ သ ရေ လ လူ မျိုး ကို ထုတ် ဆောင် သော နေ့ က စ၍ ယ နေ့ တိုင် အောင် ဗိ မာန် နှင့် ငါ မ နေ။ စံ ရာ ယာ ယီ တဲ များ နှင့် သာ ကိန်း ဝပ် ခဲ့ ၏။ Judson Bible ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲတစ်ခုမှ တစ်ခုသို့ပြောင်း၍ တဲများတို့နှင့်နေပြီ။ |
သူတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသော တဲတော်အတွင်း သူ့နေရာတွင် ချထားကြ၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။
အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်လျှင် မည်သူသည် ကိုယ်တော့်အဖို့ အိမ်တော်ကို ဆောက်လုပ်နိုင်ပါမည်နည်း။ ရှေ့တော်၌ နံ့သာပေါင်းမီးရှို့ပူဇော်ရန်မှတစ်ပါး ကိုယ်တော့်အဖို့ အိမ်တော်ကို တည်ဆောက်ပေးမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။
အကယ်စင်စစ် ဘုရားသခင်သည် လူသားတို့နှင့်အတူ ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် မည်သူ့ကိုမျှ ငါမရွေးချယ်ခဲ့။
သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။