ကိုယ်တော်သည် ကိုယ်တော့်နှုတ်တော်ထွက်စကားကိုထောက်၍ ကိုယ်တော်၏အလိုတော်အတိုင်းပြုတော်မူသော ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ကိုယ်တော့်အစေအပါးအား သိစေတော်မူပါပြီ။
၁ ရာချုပ် 17:19 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးကိုထောက်ညှာ၍ ကိုယ်တော်အလိုရှိသည့်အတိုင်း ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ပြုပေးတော်မူပြီ။ ဤကြီးမြတ်သောအမှုအလုံးစုံတို့ကိုလည်း သိစေတော်မူပြီ။ Common Language Bible အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။- Garrad Bible ကျွန် တော် မျိုး ကို သိ မှတ် တော် မူ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ ကျွန် တော် မျိုး ကို ထောက် ထား၍ သ ဘော တော် မြတ် ရာ ဤ ကြီး မြတ် သော ကျေး ဇူး အ လုံး စုံ ကို ပြု လျက် ကြီး မြတ် သော အ မှု အ လုံး စုံ ကို ပြ တော် မူ ပါ ပြီ။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကိုထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှာ အလုံစုံတို့ကို ပြုတော်မူပြီ။ |
ကိုယ်တော်သည် ကိုယ်တော့်နှုတ်တော်ထွက်စကားကိုထောက်၍ ကိုယ်တော်၏အလိုတော်အတိုင်းပြုတော်မူသော ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ကိုယ်တော့်အစေအပါးအား သိစေတော်မူပါပြီ။
ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ ကိုယ်တော့်အစေအပါးဒါဝိဒ်ကို ဘုန်းကြီးစေသည့်အမှုမှာ ကိုယ်တော့်အစေအပါးသည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိပါ။
ကိုယ်တော်၏လုပ်ဆောင်တော်မူချက်သည် ဘုန်းကျက်သရေနှင့်ဘုန်းအာနုဘော်ဖြင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်၏။
ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့် မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။
အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်အတွက် ဤမြို့ကို ကာကွယ်မည်။ ဤမြို့ကိုကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
ကိုယ်တော်က “အို အစ္စရေးလူမျိုး၊ သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်အားဖြင့် ငါဘုန်းထင်ရှားမည်”ဟု ငါ့အားမိန့်တော်မူ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ယခု ကိုယ်တော့်အစေအပါး၏ဆုတောင်းသံ၊ အသနားခံသံကို နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ လူဆိတ်ညံသွားသောကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ ကိုယ်တော်တိုင်အဖို့ ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။