၂ ရာ 7:21 - မြန်မာ့စံမီသမ္မာကျမ်း21 ကိုယ်တော်သည် ကိုယ်တော့်နှုတ်တော်ထွက်စကားကိုထောက်၍ ကိုယ်တော်၏အလိုတော်အတိုင်းပြုတော်မူသော ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ကိုယ်တော့်အစေအပါးအား သိစေတော်မူပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible21 ကိုယ်တော်ရှင်သည်မိမိ၏အလိုတော်နှင့် အကြံအစည်တော်အရ ဤသို့ပြုတော်မူ ခြင်းဖြစ်ပါ၏။ အကျွန်ုပ်အားသွန်သင်စေရန် ဤကြီးမြတ်သည့်အမှုအရာများကိုပြု တော်မူပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible21 ဤ ကြီး မြတ် သော ကျေး ဇူး အ လုံး စုံ ကို ကျွန် တော် မျိုး သိ ခွင့် ရ စေ ရန် ဗျာ ဒိတ် တော် ကို ထောက်၍ သ ဘော တော် မြတ် ရာ ပြု တော် မူ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible21 နှုတ်ကပတ်တော်ကိုထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ကိုပြုတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။