၁ ရာချုပ် 17:17 - မြန်မာ့စံမီသမ္မာကျမ်း
အို ဘုရားသခင်၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အား ချီးမြှောက်ခြင်းကို ခံထိုက်သူအဖြစ် မြင်တော်မူပါသည်တကား။
အခန်းကိုကြည့်ပါ။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
အခန်းကိုကြည့်ပါ။
အို ဘု ရား သ ခင်၊ ထို ကျေး ဇူး တော် ကို သာ မ ည သ ဖွယ် အောက် မေ့ သည့် ပြင် ကျွန် တော် ကို ဘုန်း ကြီး သူ မှတ် ယူ လျက် ရှည် လျား သော နောင် ကာ လ တိုင် အောင် ကျွန် တော် မျိုး၏ အိမ် ထောင် ကို ရည်၍ မိန့် တော် မူ ပါ ပြီ တ ကား။
အခန်းကိုကြည့်ပါ။
သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။
အခန်းကိုကြည့်ပါ။