ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်သွားသူတို့သည် ခြေလှမ်းခြောက်လှမ်းအရောက်တွင် နွားထီးတစ်ကောင်နှင့် ဆူဖြိုးသောနွားသငယ်တစ်ကောင်ကို ပူဇော်ကြ၏။
၁ ရာချုပ် 15:26 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိအမျိုးတို့အား ဘုရားသခင်သည် စောင်မတော်မူ၏။ သူတို့သည် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်ကို ယဇ်ပူဇော်ကြ၏။ Common Language Bible ဘုရားသခင်သည်သေတ္တာတော်ကိုပင့်ဆောင် ကြသူလေဝိအနွယ်ဝင်တို့အားမစတော် မူစေခြင်းငှာ ဣသရေလအမျိုးသားတို့ သည်နွားထီးခုနစ်ကောင်နှင့်သိုးခုနစ် ကောင်ကိုယဇ်ပူဇော်ကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ထမ်း ရန် လေ ဝိ ဂိုဏ်း သား တို့ ကို ဘု ရား သ ခင် မ စ တော် မူ သည့် အ တွက် နွား ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် များ ကို ဆက် ကပ် ပူ ဇော် ကြ ၏။ Judson Bible ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားတို့ကို ဘုရားသခင်မစတော်မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ်ကောင်တို့ကို ယဇ်ပူဇော်ကြ၏။ |
ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်သွားသူတို့သည် ခြေလှမ်းခြောက်လှမ်းအရောက်တွင် နွားထီးတစ်ကောင်နှင့် ဆူဖြိုးသောနွားသငယ်တစ်ကောင်ကို ပူဇော်ကြ၏။
အကျွန်ုပ်တို့အား ဤမျှလောက်စေတနာစိတ်နှင့်ပေးလှူနိုင်ခွင့်ကိုပေးသနားသည်မှာ အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။ အကျွန်ုပ်၏လူတို့ကား မည်သူတို့ဖြစ်ကြပါသနည်း။ အရာခပ်သိမ်းတို့သည် ကိုယ်တော့်ထံမှဖြစ်၍ ကိုယ်တော်ပိုင်သမျှကို အကျွန်ုပ်တို့ ပြန်လည်ပေးလှူကြပါ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
ပွဲတော်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ခုနစ်ရက်ပတ်လုံး နေ့တိုင်းစီစဉ်ပေးရမည်။ အပြစ်ဖြေရာယဇ်အဖြစ်လည်း ဆိတ်ထီးကလေးတစ်ကောင်ကို နေ့တိုင်းစီစဉ်ပေးရမည်။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ဤနေရာ၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။
သတ္တမနေ့၌ အပြစ်အနာအဆာကင်းသော နွားထီးခုနစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။