ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
၁ ရာချုပ် 10:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။ Common Language Bible သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။- Garrad Bible လက် နက် တော် ကိုင် အား လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ဤ သူ တို့ သည် ငါ့ ထံ ချဉ်း လာ ၍ ရက် စက် ကြမ်း ကြုတ် စွာ မ ပြု မ လုပ် စေ ရန် သင့် ဓား ကို ဆွဲ နုတ် ထိုး သတ် လော့ ဟု မိန့် ဆို သော် လည်း လက် နက် တော် ကိုင် အ လွန် ကြောက် ရွံ့ သည် နှင့် မ ပြု ဝံ့ သော ကြောင့် မင်း ကိုယ် တိုင် ဓား တော် ကို ဆွဲ ယူ လျက် ဓား ဦး ပေါ် တွင် လှဲ သေ လေ၏။ Judson Bible လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍သေ၏။ |
ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
သတင်းကြားပြောသောလူငယ်က “အကျွန်ုပ်သည် ဂိလဗောတောင်ပေါ် ရောက်သွားချိန်တွင် ဤအဖြစ်အပျက်နှင့်ကြုံခဲ့ရပါ၏။ ရှောလုမင်းကြီးသည် လှံကိုမှီလျက်နေပါ၏။ စစ်ရထားနှင့် မြင်းတပ်တို့သည် သူ့ထံသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို တွေ့ရပါ၏။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
တိရဇာမြို့အသိမ်းခံလိုက်ရကြောင်း ဇိမရိမင်းကြီးသိမြင်လျှင် ဘုရင့်နန်းတော်ခံတပ်ထဲသို့ဝင်၍ မိမိပတ်ပတ်လည် ဘုရင့်နန်းတော်ကို မီးရှို့လိုက်သဖြင့် မီးထဲတွင်ပင် သေလေ၏။
ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၏။
ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။
သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
ထောင်မှူးသည် နိုးလာ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများလွတ်သွားပြီဟုထင်မှတ်လျက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကိုသတ်မည်ပြု၏။
ရှံဆုန်သည် အလွန်ရေငတ်သဖြင့် ထာဝရဘုရားထံ “ကိုယ်တော့်အစေအပါး၏လက်ဖြင့် ဤမျှကြီးမားသောအောင်မြင်မှုကို ပေးတော်မူပြီးမှ ယခု ရေငတ်၍ သေရမည်လော။ အရေဖျားမလှီးသောသူတို့၏လက်ချက်ဖြင့် သေရမည်လော”ဟု အော်ဟစ်လျှောက်ဆိုလေ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။