Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 10:4 - Common Language Bible

4 သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 လက် နက် တော် ကိုင် အား လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ဤ သူ တို့ သည် ငါ့ ထံ ချဉ်း လာ ၍ ရက် စက် ကြမ်း ကြုတ် စွာ မ ပြု မ လုပ် စေ ရန် သင့် ဓား ကို ဆွဲ နုတ် ထိုး သတ် လော့ ဟု မိန့် ဆို သော် လည်း လက် နက် တော် ကိုင် အ လွန် ကြောက် ရွံ့ သည် နှင့် မ ပြု ဝံ့ သော ကြောင့် မင်း ကိုယ် တိုင် ဓား တော် ကို ဆွဲ ယူ လျက် ဓား ဦး ပေါ် တွင် လှဲ သေ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင်၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍၊ ငါ့​ကို​မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 10:4
19 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။


ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-


အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။


မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-


တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-


လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။-


(သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။-


ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။-


ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-


ထို​အ​ခါ​သူ​သည်​မိ​မိ​၏​လက်​နက်​ကို​ကိုင် ဆောင်​သော​လူ​ငယ်​အား အ​လျင်​အ​မြန်​ခေါ် ပြီး​လျှင်``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ထုတ်​၍ ငါ့​ကို​သတ်​လော့။ ငါ​သည်​အ​မျိုး​သ​မီး​၏ လက်​ချက်​ဖြင့်​သေ​ရ​သည်​ဟူ​၍​အ​ပြော​မ​ခံ လို'' ဟု​ဆို​၏။ သို့​ဖြစ်​၍​လူ​ငယ်​သည်​အ​ဘိ မ​လက်​အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​လိုက်​လေ သည်။-


ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။


ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-


အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-


မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ