ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
၁ ရာ 9:4 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးနှင့် ရှိလိရှနယ်မြေတစ်လျှောက်လုံးတို့တွင် ရှာသော်လည်း မတွေ့။ ရှာလိမ်နယ်တစ်လျှောက်တွင်လည်း မရှိ။ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးတွင် ရှာသော်လည်း မတွေ့။ Common Language Bible သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။- Garrad Bible သူ တို့ သည် ဧ ဖ ရိမ် ခင် တန်း နှင့် ရှ လိ ရှ ခ ရိုင် ကို ရှောက်၍ ရှာ သော် လည်း မ တွေ့ လျှင် ရှာ လိမ် ခ ရိုင် နှင့် ဗင်္ယာ မိန် နယ် ကို လည်း ရှောက်၍ မ တွေ့ ကြ ချေ။ Judson Bible သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တစ်လျှောက်လုံး၌ ရှာ၍မတွေ့လျှင်၊ တစ်ဖန် ရှာလိမ်အရပ်မှသည် ဗင်္ယာမိန်အရပ်များ တစ်လျှောက်လုံး၌ မတွေ့။ |
ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။
အာရုန်၏သားဧလာဇာလည်း သေဆုံးသဖြင့် ဧဖရိမ်တောင်ပေါ်ဒေသတွင် သူ့သားဖိနဟတ်အမွေမြေရထားသည့် ဖိနဟတ်တောင်ကုန်း၌ သင်္ဂြိုဟ်လေ၏။
အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
တစ်နေ့တွင် ရှောလု၏ဖခင်ကိရှသည် မြည်းများပျောက်ဆုံးနေ၏။ ထို့ကြောင့် ကိရှက မိမိသားရှောလုအား “ထလော့။ သင်နှင့်အတူ ငယ်သားတစ်ယောက်ကို ခေါ်၍ မြည်းများကို သွားရှာလော့”ဟု ဆို၏။