သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
၁ ရာ 7:16 - မြန်မာ့စံမီသမ္မာကျမ်း သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။ Common Language Bible သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။- Garrad Bible ဗေ သ လ မြို့၊ ဂိ လ ဂါ လ မြို့ မိ ဇ ပါ မြို့ များ သို့ နှစ် စဉ် လှည့် ပတ် သွား ရောက် သ ဖြင့် ၎င်း မြို့ ရှိ သ မျှ တွင် စီ ရင် ဆုံး ဖြတ် ခြင်း ပြု ပြီး လျှင် Judson Bible ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့တို့ကို နှစ်တိုင်းလှည့်ပတ်၍ အရပ်ရပ်တွင် ဣသရေလအမျိုး၌စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လေ့ရှိ၏။ |
သူသည် ထိုအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။ ယခင်က ထိုမြို့၏အမည်မှာ လုဇဖြစ်၏။
ယာကုပ်သည် သူနှင့်အတူရှိသောလူအပေါင်းတို့နှင့်တကွ ခါနာန်ပြည်ရှိ လုဇမြို့တည်းဟူသော ဗေသလအရပ်သို့ရောက်လာ၏။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။
တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။
ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
သားရေကုန်းနှီးပေါ်ထိုင်၍ မြည်းဖြူကိုစီးသောသူတို့နှင့် လမ်း၌သွားလာသောသူတို့၊ စဉ်းစားဆင်ခြင်ကြလော့။
ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး
ရှမွေလကလည်း လူတို့အား “လာကြ။ ဂိလဂါလမြို့သို့သွား၍ ထိုမြို့တွင် နိုင်ငံတော်အသစ်တည်ထောင်ကြစို့”ဟု ဆိုလျှင်
ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။