ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး တောင်ကုန်းပေါ်ရှိအဘိနဒပ်အိမ်မှ သယ်ဆောင်လာကြ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် ထိုလှည်းသစ်ကိုမောင်းနှင်ပေးကြ၏။
၁ ရာ 6:7 - မြန်မာ့စံမီသမ္မာကျမ်း ယခု လှည်းအသစ်တစ်စီး ပြုလုပ်ပါ။ သားပေါက်ရှိပြီး ထမ်းပိုးမတင်ဖူးသေးသောနွားမနှစ်ကောင်ကို ယူ၍ ထိုနွားမတို့ကိုလှည်း၌ ကပါ။ နွားသားပေါက်များကိုမူ နွားခြံ၌ ပြန်ထားပါ။ Common Language Bible သို့ဖြစ်၍လှည်းသစ်ကိုပြုလုပ်ပြီးနောက် တစ် ခါမျှထမ်းပိုးမတင်ဘူးသေးသောသားငယ် ရှိသည့်နွားမနှစ်ကောင်ကိုလှည်း၌တပ်၍ သားငယ်တို့ကိုမူခြံသို့ပြန်ပို့လော့။- Garrad Bible ယ ခု လှည်း သစ် တ စီး ကို လုပ် ပြီး နောက် ထမ်း ဘိုး မ တင် ဘူး သေး သော သား ငယ် ရှိ နွား မ တစ် ရှဉ်း နှင့် က၍ သား ငယ် တို့ ကို ခြံ တွင်း သို့ သွင်း ပြီး မှ Judson Bible ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။ |
ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး တောင်ကုန်းပေါ်ရှိအဘိနဒပ်အိမ်မှ သယ်ဆောင်လာကြ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် ထိုလှည်းသစ်ကိုမောင်းနှင်ပေးကြ၏။
ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး အဘိနဒပ်၏အိမ်မှ သယ်ဆောင်လာကြ၏။ ဩဇနှင့်အဟိဩတို့သည် လှည်းကိုမောင်းနှင်ပေးကြ၏။
“ထာဝရဘုရား မိန့်မှာတော်မူသောပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။ ကိုယ်အင်္ဂါမချို့ယွင်း၊ ထမ်းပိုးမတင်ရသေးသော၊ အပြစ်အနာအဆာကင်းသော အနီရောင်နွားမတမ်းတစ်ကောင်ကို ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။
အသတ်ခံရသောသူနှင့်အနီးဆုံးမြို့မှ သက်ကြီးဝါကြီးတို့သည် မခိုင်းရသေးသော၊ ထမ်းပိုးမတင်ရသေးသော နွားမတမ်းတစ်ကောင်ကိုယူရမည်။
ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ထွန်ယက်စိုက်ပျိုး၍မရသော ရေစီးနေသည့်ချိုင့်ဝှမ်းသို့ နွားမတမ်းကိုခေါ်ဆောင်လာ၍ ထိုချိုင့်ဝှမ်း၌ နွားမတမ်း၏လည်ပင်းကိုချိုးရမည်။