၂ ရာ 6:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး တောင်ကုန်းပေါ်ရှိအဘိနဒပ်အိမ်မှ သယ်ဆောင်လာကြ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် ထိုလှည်းသစ်ကိုမောင်းနှင်ပေးကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သူတို့သည်သေတ္တာတော်ကိုလှည်းသစ်တစ်စီး တွင်တင်၍ တောင်ကုန်းပေါ်တွင်ရှိသောအဘိ နဒပ်၏အိမ်မှပင့်ဆောင်သွားကြ၏။ အဘိ နဒပ်၏သားများဖြစ်ကြသောသြဇနှင့် အဟိသြတို့သည်ပဋိညာဉ်သေတ္တာတော် လှည်းကိုမောင်းနှင်ရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ကုန်း ပေါ် ရှိ အ ဘိ န ဒပ် အိမ် ထဲ မှ ဘု ရား သ ခင့် သေ တ္တာ တော် ကို လှည်း သစ် ပေါ် တွင် တင်၍ ပင့် ဆောင် ရာ အ ဘိ န ဒပ် ၏ သား၊ သြ ဇ နှင့် အ ဟိ သြ တို့ သည် ထို လှည်း ကို မောင်း နှင် ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ တောင်ပေါ် အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ အဘိနဒပ်၏သား ဩဇနှင့် အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။ အခန်းကိုကြည့်ပါ။ |