၁ ရာ 4:2 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့နှင့် စစ်ခင်းကျင်းကြရာ စစ်ပွဲပြင်းထန်၍ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ စစ်မြေပြင်တွင် အစ္စရေးလူမျိုးလေးထောင်ခန့် ကျဆုံးလေ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့ကချီတက်တိုက်ခိုက် ရာ ဣသရေလအမျိုးသားတို့အရေးရှုံးနိမ့် ၍ လူပေါင်းလေးထောင်မျှစစ်မြေပြင်တွင် ကျဆုံးကြ၏။- Garrad Bible တစ် ဖန် ဣ သ ရေ လ တပ် သည် ဖိ လိ တ္တိ တပ် ကို ဆီး ကြို တိုက် ခိုက် ခြင်း ငှါ ချီ သွား၍ ဧ ဗ နေ ဇာ မြို့ အ နီး စွဲ ရပ် လျှင် ဖိ လိ တ္တိ တပ် လည်း အာ ဖက် မြို့၌ စွဲ ရပ် လျက် နေ ကြ၏။ ဖိ လိ တ္တိ တပ် သည် စစ် ခင်း ကျင်း ပြီး နောက် ဣ သ ရေ လ တပ် ကို ဆီး ကြို တိုက် ခိုက် သော အ ခါ ဣ သ ရေ လ တပ် ရှုံး၍ စစ် မြေ ပြင် တွင် ရဲ မက် လေး ထောင် ခန့် ဆုံး ပါး ကြ ၏။ Judson Bible ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။ |
သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ တစ်ဦးကိုတစ်ဦး တိုက်မိကြလိမ့်မည်။ သင်တို့သည် မိမိတို့၏ရန်သူများကို ရင်ဆိုင်နိုင်မည်မဟုတ်။
ထိုအခါ တောင်ပေါ်ဒေသ၌ နေထိုင်နှင့်သောခါနာန်လူမျိုးနှင့် အာမလက်လူမျိုးတို့သည် ဆင်းလာ၍ သူတို့ကို တိုက်ခိုက်ကြ၏။ ဟောမာအရပ်တိုင်အောင် သူတို့ကို လိုက်လံချေမှုန်းကြ၏။
အစ္စရေးအမျိုးသားတို့သည် ကျိန်ခြင်းခံရသောသူများဖြစ်သွားသောကြောင့် ရန်သူတို့ကို မရင်ဆိုင်နိုင်ကြ။ သူတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရ၏။ ကျိန်ခြင်းခံရသောအရာကို သင်တို့ထံမှမဖယ်ရှားလျှင် ငါသည် သင်တို့နှင့်အတူ နေတော့မည်မဟုတ်။
အစ္စရေးလူမျိုးနှင့် ဖိလိတ္တိလူမျိုးတို့သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်းနေကြ၏။
သူသည် ရပ်၍ အစ္စရေးစစ်သည်တို့အား “သင်တို့ အဘယ်ကြောင့် စစ်ခင်းကျင်းရန် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူမျိုးဖြစ်၏။ သင်တို့ကား ရှောလု၏အမှုထမ်းများမဟုတ်လော။ သင်တို့ထဲမှ လူတစ်ယောက်ကိုရွေးပြီး ငါ့ထံသို့လာစေပါ။
ရှမွေလ၏စကားသည် အစ္စရေးတစ်မျိုးလုံးထံသို့ ရောက်ရှိ၏။ ယခုတွင် အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်၍ ဧဗနေဇာမြို့တွင် စခန်းချကြ၏။ ဖိလိတ္တိလူမျိုးတို့ကား အာဖက်မြို့တွင် စခန်းချကြ၏။
ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ကြရာ အစ္စရေးလူမျိုးတို့ ရှုံးနိမ့်သဖြင့် မိမိတို့တဲသို့ အသီးသီးပြန်ပြေးကြလေ၏။ တိုက်ပွဲပြင်းထန်လွန်းသဖြင့် အစ္စရေးလူမျိုးတို့ဘက်မှ ခြေလျင်တပ်သားသုံးသောင်းကျဆုံးလေ၏။
စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။