၁ ရာ 17:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူသည် ရပ်၍ အစ္စရေးစစ်သည်တို့အား “သင်တို့ အဘယ်ကြောင့် စစ်ခင်းကျင်းရန် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူမျိုးဖြစ်၏။ သင်တို့ကား ရှောလု၏အမှုထမ်းများမဟုတ်လော။ သင်တို့ထဲမှ လူတစ်ယောက်ကိုရွေးပြီး ငါ့ထံသို့လာစေပါ။ အခန်းကိုကြည့်ပါ။Common Language Bible8 ဂေါလျတ်သည်ရပ်လျက်ဣသရေလအမျိုးသား တို့အား``သင်တို့သည်အဘယ်ကြောင့်ဤအရပ်သို့ လာကြသနည်း။ စစ်တိုက်ရန်လော။ အချင်းရှောလု ၏ကျွန်တို့၊ ငါသည်ဖိလိတ္တိအမျိုးသားဖြစ်၏။ ငါနှင့်စစ်ထိုးရန်သင်တို့အထဲမှလူတစ် ယောက်ကိုရွေးချယ်ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို သူ ရဲ သည် ရပ် လျက် အ ဘယ် ကြောင့် စစ် ချီ၍ ခင်း ကျင်း လို ကြ သ နည်း။ ငါ သည် ဖိ လိ တ္တိ လူ မျိုး သင် တို့ ကား ရှော လု၏ ကျွန် ဖြစ် ကြ သည် မ ဟုတ် လော။ သူ ရဲ တစ် ယောက် ကို ရွေး ကောက်၍ ငါ နှင့် စီး ချင်း ထိုး ရန် ဆင်း လာ ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှာ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ကျွန် ဖြစ်ကြသည် မဟုတ်လော။ လူတစ်ယောက်ကို ရွေးကောက်၍ ငါနှင့်တိုက်ခြင်းငှာ လာပါစေ။ အခန်းကိုကြည့်ပါ။ |
ယွာဘကလည်း “ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သူတို့အားလုံးသည် အကျွန်ုပ်သခင်၏အစေအပါးများပင် ဖြစ်ကြသည်မဟုတ်လော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း။ အဘယ်ကြောင့် အစ္စရေးလူမျိုးတို့အပေါ် အပြစ်သက်ရောက်စေမည်နည်း”ဟု လျှောက်တင်၏။
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။