စစ်သူရဲတစ်ယောက်မကျန်ထ၍ ရှောလုမင်းကြီးအလောင်းနှင့် သူ့သားတို့၏အလောင်းများကိုသွားယူပြီး ယာဗက်မြို့သို့ယူဆောင်လာကာ အရိုးများကို ယာဗက်မြို့ရှိ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ပြီးနောက် ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။
၁ ရာ 31:12 - မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲတစ်ယောက်မကျန်ထ၍ ညတွင်းချင်းအရောက်ချီသွားကြပြီး ဗက်ရှန်မြို့ရိုး၌ချိတ်ထားသော ရှောလုမင်းကြီးအလောင်းနှင့်သူ့သားတို့၏အလောင်းများကို ဖြုတ်ယူပြီးလျှင် ယာဗက်မြို့သို့ယူဆောင်လာကာ ထိုမြို့တွင် မီးသင်္ဂြိုဟ်လိုက်ကြ၏။ Common Language Bible သူရဲကောင်းအချို့တို့သည် ဗက်ရှန်မြို့ကို တစ်ညလုံးချီတက်သွားကြ၏။ သူတို့သည် ရှောလုနှင့်သားတော်တို့၏အလောင်းများ ကိုမြို့ရိုးမှဖြုတ်ယူပြီးလျှင် ယာဗက်မြို့ သို့သယ်ဆောင်၍မီးသင်္ဂြိုဟ်လိုက်ကြ၏။- Garrad Bible သူ ရဲ ကောင်း အ ပေါင်း တို့ သည် ညဉ့် ချင်း ရောက် ချီ သွား လျက် ရှော လု မင်း နှင့် သား တော် တို့ အ လောင်း များ ကို ဗက် ရှန် မြို့ ရိုး ပေါ် မှ ချ ယူ ပြီး သော် ယာ ဗက် မြို့ သို့ ပြန် ရောက်၍ မီး သင်္ဂြိုဟ် ကြ လေ ၏။ Judson Bible သူရဲအပေါင်းတို့သည် ညအခါထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှချပြီးလျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။ |
စစ်သူရဲတစ်ယောက်မကျန်ထ၍ ရှောလုမင်းကြီးအလောင်းနှင့် သူ့သားတို့၏အလောင်းများကိုသွားယူပြီး ယာဗက်မြို့သို့ယူဆောင်လာကာ အရိုးများကို ယာဗက်မြို့ရှိ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ပြီးနောက် ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
သင်သည် ငြိမ်းချမ်းစွာသေရလိမ့်မည်။ ရှေးယခင် သင့်ဘိုးဘေးဘုရင်တို့ကို ပြုပေးသကဲ့သို့ နံ့သာပေါင်းကိုရှို့လျက် အလို သခင်ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ငါကိုယ်တော်တိုင် သင့်အဖို့ မိန့်ဆိုထားခဲ့ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သေဆုံးသူနှင့်ဆွေမျိုးတော်သည့် အလောင်းမီးသင်္ဂြိုဟ်သူက အရိုးတို့ကို အိမ်မှ ထုတ်ယူလာပြီး အိမ်ထဲရှိသူအား “အထဲမှာ လူကျန်သေးသလော”ဟု မေးလျှင် ထိုသူက “မကျန်ပါ”ဟု ဆို၏။ ထို့နောက် သူက “တိတ်တိတ်နေပါ။ ထာဝရဘုရား၏နာမကို ဖွင့်ဟမပြောဆိုရ”ဟု ဆိုလိမ့်မည်။
ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို အာရှတရက်ဝတ်ကျောင်းတွင်ထားပြီး အလောင်းကိုမူ ဗက်ရှန်မြို့ရိုးတွင် ချိတ်ဆွဲထားကြ၏။