ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
၁ ရာ 30:31 - မြန်မာ့စံမီသမ္မာကျမ်း ဟေဗြုန်မြို့သားများ စသည်တို့မှစ၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ သွားလာခဲ့သောမြို့ရှိသမျှတို့သို့လည်း ပေးလိုက်လေ၏။ Common Language Bible ဟေဗြုန်မြို့မှစ၍မိမိနှင့်မိမိ၏လူစုတည်း ခိုခဲ့ဖူးသည့်မြို့ရွာရှိသမျှသို့ပေးပို့လိုက် လေသည်။ Judson Bible ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။ |
ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
အာဗနာသည် ဟေဗြုန်မြို့၌သေဆုံးသွားပြီဖြစ်ကြောင်းကို ရှောလုမင်းကြီး၏သား ကြားသောအခါ စိတ်ပျက်အားလျော့သွားလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ထိတ်လန့်ကြလေ၏။
သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း ယောရှုသည် ယေဖုန္နာ၏သားကာလက်အား ယုဒအမျိုးသားအမွေမြေထဲမှ ဟေဗြုန် ခေါ် ကိရယအာဘမြို့ကို ခွဲဝေပေးလေ၏။ အာဘသည် အာနက၏ဖခင်ဖြစ်၏။
သူတို့အား ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ပေးလေ၏။ (အာဘသည် အာနက၏ဖခင်ဖြစ်၏။)
ယခု သင်တို့ပြန်၍ သူအဘယ်မှာနေသည်၊ မည်သည့်နေရာသို့သွားသည်၊ ထိုနေရာတွင် သူ့အား မည်သူတွေ့ခဲ့သည်တို့ကို အသေအချာထပ်ပြီးစူးစမ်းကြည့်ကြလော့။ သူသည် အလွန်ဉာဏ်များသောသူဖြစ်ကြောင်း ငါကြားသိ၏။