ထိုနေ့မှစ၍ ယနေ့ချိန်ထိ ဒါဝိဒ်သည် အစ္စရေးလူမျိုးတို့တွင် ထိုသို့ စည်းမျဉ်းဥပဒေ ချမှတ်လေ၏။
ဒါဝိဒ်သည်ဤသို့ဥပဒေကိုပြုလုပ်ခဲ့သဖြင့် ဣသရေလပြည်တွင်ယင်းဥပဒေသည်ယနေ့ တိုင်အောင်တည်မြဲလျက်ရှိပေသည်။
ထို နေ့ မှ စ၍ ယ ခု တိုင် ဣ သ ရေ လ လူ မျိုး၌ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် အ ဖြစ် စီ ရင် သ တည်း။
ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ဤအမှုနှင့်ပတ်သက်၍ သင်တို့စကားကို မည်သူနားထောင်မည်နည်း။ စစ်တိုက်သွားသောသူရသောဝေစုအတိုင်း ပစ္စည်းစောင့်ကျန်ခဲ့သောသူကိုလည်း ညီတူညီမျှဝေစုခွဲဝေပေးရမည်”ဟု ဆို၏။
ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်လျှင် သူ၏မိတ်ဆွေ ယုဒသက်ကြီးဝါကြီးတို့အား “ကြည့်ရှုလော့။ ထာဝရဘုရား၏ရန်သူတို့ထံမှ တိုက်ရာပါပစ္စည်းများကို သင်တို့အဖို့ လက်ဆောင်ပေးလိုက်ပါ၏”ဟု ဆို၍ တိုက်ရာပါပစ္စည်းများကို ပေးလိုက်လေ၏။