အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ 30:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် ဒါဝိဒ်​က သူ​တို့​အား “​ငါ့​ညီအစ်ကို​တို့​၊ ငါ​တို့​အား ထာဝရဘုရား​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ဤသို့​မ​ပြု​ရ​။ ထာဝရဘုရား​သည် ငါ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ငါ​တို့​အား လာရောက်​တိုက်ခိုက်​သော​ဓားပြ​တို့​ကို​လည်း ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​သော်​ဒါ​ဝိဒ်​က``ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ပစ္စည်း​ဥစ္စာ​များ ကို​သင်​တို့​ဤ​သို့​မ​ပြု​ရ။ ကိုယ်​တော်​သည်​ငါ​တို့ အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ ငါ​တို့​မြို့ ကို​ချင်း​နင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သူ​တို့​အား နှိမ်​နင်း​နိုင်​ခွင့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဒါ ဝိဒ် က၊ အို ညီ အစ် ကို တို့ ငါ တို့ ကို စောင့် ရှောက်၍ ရန် ဘက် တပ် ကို ငါ တို့ လက် တွင် သို့ အပ် နှင်း တော် မူ သော ထာ ဝ ရ ဘု ရား ထံ မှ ရ ရှိ သည့် အ ရာ များ နှင့် စပ် လျဉ်း၍ ထို သို့ သ ဘော မ ထား သင့်။

အခန်းကိုကြည့်ပါ။

Judson Bible

ဒါ​ဝိဒ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့ ငါ​တို့​ကို စောင့်​မ၍ ငါ​တို့​ကို​တိုက်​လာ​သော အ​လုံး​အ​ရင်း​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ဥ​စ္စာ​ကို ထို​သို့​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။



၁ ရာ 30:23
16 ပူးပေါင်းရင်းမြစ်များ  

“​ငါ့​ညီအစ်ကို​တို့​၊ ဤ​ဆိုးညစ်​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ကွန်​များ​ထံ ယဇ်ပူဇော်​၍ မိမိ​တို့​ပိုက်​များ​ထံ နံ့သာပေါင်း​ကို ပူဇော်​ကြ​၏​။ အကြောင်းမှာ ထို​အရာ​များ​အားဖြင့် သူ​တို့​၏​ဥစ္စာ​ပြည့်စုံကြွယ်ဝ​ကြ​ပြီး စားစရာ​လည်း ပေါများ​၏​။


“ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ ယခု သင်​တို့​ရှေ့၌ အကျွန်ုပ်​ချေပ​ပြောဆို​သော​စကား​ကို နားထောင်​ကြ​ပါ”​ဟု ဆို​၏။


သတေဖန်​က “ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ နားထောင်​ကြ​ပါ။ ငါ​တို့​အဖ​အာဗြဟံ​သည် ခါရန်​မြို့​၌​မ​နေထိုင်​မီ မက်ဆိုပိုတေးမီးယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်မူ​သော​ဘုရားသခင်​သည် သူ့​အား​ထင်ရှား​လျက်


သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ သင့်​အား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ရ​မည်​။


ထိုအခါ သင့်​စိတ်​ထဲ၌ ‘​ဤ​ဥစ္စာပစ္စည်း​ကို ငါ့​အစွမ်း​၊ ငါ့​ခွန်အား​ဖြင့် ငါ​ရရှိ​ခဲ့​၏​’​ဟု ဆို​မိ​လိမ့်မည်​။


ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။


အိမ်ရှင်​အဖိုးအို​က​လည်း သူ​တို့​ရှိ​ရာ​အိမ်ပြင်​သို့ ထွက်လာ​၍ “​ညီအစ်ကို​တို့​၊ ဆိုးညစ်​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။ သူ​သည် အကျွန်ုပ်​အိမ်​သို့ ရောက်လာ​သော​ဧည့်သည် ဖြစ်​ပါ​၏​။ ဤ​ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။


ထာဝရဘုရား​သည် ဆင်းရဲ​စေ​နိုင်​၏​။ ချမ်းသာ​စေ​နိုင်​၏​။ နိမ့်ကျ​စေ​နိုင်​၏​။ ချီးမြှောက်​ပေး​နိုင်​၏​။


သို့သော် ဒါဝိဒ်​နှင့်အတူ​လိုက်သွား​သော​သူ​တို့​ထဲမှ စိတ်ထား​ယုတ်ညံ့​သေးသိမ်​သူ​အပေါင်း​တို့​က “​သူ​တို့​သည် ငါ​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် အကျွန်ုပ်​တို့ ပြန်​တိုက်ခိုက်လုယက်​ယူလာ​သော​ပစ္စည်း​တို့​ကို သူ​တို့​အား မ​ပေး​နိုင်​။ သူ​တို့​သည် သူ​တို့​၏​မယား​၊ သားသမီး​တို့​ကို​သာ​ခေါ်​၍ ထွက်သွား​ပါစေ”​ဟု ဆို​ကြ​၏​။


ဤ​အမှု​နှင့်​ပတ်သက်၍ သင်​တို့​စကား​ကို မည်သူ​နားထောင်​မည်နည်း​။ စစ်တိုက်​သွား​သော​သူ​ရ​သော​ဝေစု​အတိုင်း ပစ္စည်း​စောင့်ကျန်​ခဲ့​သော​သူ​ကို​လည်း ညီတူညီမျှ​ဝေစု​ခွဲဝေ​ပေး​ရ​မည်​”​ဟု ဆို​၏​။


ထိုအခါ ဒါဝိဒ်​က ထာဝရဘုရား​အား “​ထို​ဓားပြ​တို့​နောက်သို့ လိုက်​ရ​ပါ​မည်လော​။ သူ​တို့​ကို မီ​နိုင်​ပါ​မည်လော​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​လိုက်​လော့​။ အမှန်ပင်​မီ​လိမ့်မည်​။ လူ​တို့​ကို အမှန်ပင်​ကယ်တင်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။