သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
၁ ရာ 30:22 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဒါဝိဒ်နှင့်အတူလိုက်သွားသောသူတို့ထဲမှ စိတ်ထားယုတ်ညံ့သေးသိမ်သူအပေါင်းတို့က “သူတို့သည် ငါတို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ ပြန်တိုက်ခိုက်လုယက်ယူလာသောပစ္စည်းတို့ကို သူတို့အား မပေးနိုင်။ သူတို့သည် သူတို့၏မယား၊ သားသမီးတို့ကိုသာခေါ်၍ ထွက်သွားပါစေ”ဟု ဆိုကြ၏။ Common Language Bible သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။ Garrad Bible ဒါ ဝိဒ် နှင့် လိုက် ပါ သူ တို့ အ နက် တ ရား မဲ့ သော လူ ဆိုး တို့ က ဤ သူ တို့ သည် ငါ တို့ နှင့် မ လိုက် မ ပါ သော ကြောင့် ငါ တို့ လက် ရ ဥစ္စာ များ ကို မ ဝေ မ ပေး ဘဲ ကိုယ် သား မ ယား ကို သာ ခေါ် ယူ ထွက် သွား ကြ စေ ဟု ဆို ကြ ရာ Judson Bible ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတစ်ပါး အခြားသောဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။ |
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
ဆိုးညစ်သောသူတို့ထကြွပြီး သင်မသိသောအခြားဘုရားများကို ‘ငါတို့သွား၍ ဝတ်ပြုကြစို့’ဟု ဆိုလျက် သူတို့သည် သူတို့မြို့၌နေထိုင်သောသူတို့ကို ဖြားယောင်းသွေးဆောင်နေကြောင်း သင်ကြားလျှင်
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။
ဒုက္ခရောက်နေသူ၊ အကြွေးမဆပ်နိုင်သူ၊ ဘဝကို ခါးသီးစွာခံစားနေရသူအပေါင်းတို့သည် သူ့ထံလာရောက်စုဝေးကြရာ လူလေးရာခန့်ရှိ၍ ဒါဝိဒ်သည် သူတို့ကို ဦးဆောင်လေ၏။
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။
အကျွန်ုပ်၏သခင်၊ ဤဆိုးညစ်သောသူနာဗလကို စိတ်ထဲမထားပါနှင့်။ သူသည် သူ၏နာမည်နှင့်လိုက်ပါ၏။ နာဗလဟူသောနာမည်နှင့်အညီ မိုက်မဲသောသူဖြစ်ပါ၏။ သခင်စေလွှတ်လိုက်သော သခင့်လူတို့ကို သခင့်ကျွန်မ မတွေ့လိုက်ရပါ။
မောပန်း၍ ဒါဝိဒ်နောက်သို့မလိုက်နိုင်တော့ဘဲ ဗေသော်ချောင်းနားတွင်နေခဲ့သော လူနှစ်ရာတို့ရှိရာသို့ ဒါဝိဒ်ပြန်ရောက်လာသောအခါ သူတို့သည် ဒါဝိဒ်နှင့် သူနှင့်အတူပြန်လာသောလူတို့ကို ကြိုဆိုရန် ထွက်လာကြ၏။ ဒါဝိဒ်သည် သူတို့အနီးသို့ရောက်လာ၍ သူတို့အား နှုတ်ဆက်စကားပြောဆိုလေ၏။
သို့သော် ဒါဝိဒ်က သူတို့အား “ငါ့ညီအစ်ကိုတို့၊ ငါတို့အား ထာဝရဘုရားပေးသနားတော်မူသောအရာတို့ကို ဤသို့မပြုရ။ ထာဝရဘုရားသည် ငါတို့ကိုစောင့်ရှောက်တော်မူ၍ ငါတို့အား လာရောက်တိုက်ခိုက်သောဓားပြတို့ကိုလည်း ငါတို့လက်သို့ အပ်တော်မူပြီ။