၁ ရာ 30:23 - မြန်မာ့စံမီသမ္မာကျမ်း23 သို့သော် ဒါဝိဒ်က သူတို့အား “ငါ့ညီအစ်ကိုတို့၊ ငါတို့အား ထာဝရဘုရားပေးသနားတော်မူသောအရာတို့ကို ဤသို့မပြုရ။ ထာဝရဘုရားသည် ငါတို့ကိုစောင့်ရှောက်တော်မူ၍ ငါတို့အား လာရောက်တိုက်ခိုက်သောဓားပြတို့ကိုလည်း ငါတို့လက်သို့ အပ်တော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible23 သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ဒါ ဝိဒ် က၊ အို ညီ အစ် ကို တို့ ငါ တို့ ကို စောင့် ရှောက်၍ ရန် ဘက် တပ် ကို ငါ တို့ လက် တွင် သို့ အပ် နှင်း တော် မူ သော ထာ ဝ ရ ဘု ရား ထံ မှ ရ ရှိ သည့် အ ရာ များ နှင့် စပ် လျဉ်း၍ ထို သို့ သ ဘော မ ထား သင့်။ အခန်းကိုကြည့်ပါ။Judson Bible23 ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။ အခန်းကိုကြည့်ပါ။ |
သို့သော် ဒါဝိဒ်နှင့်အတူလိုက်သွားသောသူတို့ထဲမှ စိတ်ထားယုတ်ညံ့သေးသိမ်သူအပေါင်းတို့က “သူတို့သည် ငါတို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ ပြန်တိုက်ခိုက်လုယက်ယူလာသောပစ္စည်းတို့ကို သူတို့အား မပေးနိုင်။ သူတို့သည် သူတို့၏မယား၊ သားသမီးတို့ကိုသာခေါ်၍ ထွက်သွားပါစေ”ဟု ဆိုကြ၏။