ထို့နောက် ဒါဝိဒ်က မိမိကိုသတင်းကြားပြောသောလူငယ်အား “သင် အဘယ်ကနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် တိုင်းတစ်ပါးသားအာမလက်လူမျိုး ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
၁ ရာ 30:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်က သူ့အား “သင်သည် မည်သူ၏လူ ဖြစ်သနည်း။ မည်သည့်အရပ်က လာသနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အီဂျစ်ပြည်မှလာပါ၏။ အာမလက်အမျိုးသားတစ်ဦး၏ကျွန် ဖြစ်ပါ၏။ လွန်ခဲ့သောသုံးရက်က အကျွန်ုပ်ဖျားနာသဖြင့် အကျွန်ုပ်၏သခင်သည် အကျွန်ုပ်ကို ပစ်ထားခဲ့ပါ၏။ Common Language Bible ဒါဝိဒ်သည်သူ့အား``သင်၏သခင်ကားမည်သူ နည်း။ သင်အဘယ်အရပ်မှလာသနည်း'' ဟု မေး၏။ လူငယ်က``ကျွန်တော်သည်အာမလက်အမျိုး သားတစ်ဦး၏ကျွန်၊ အီဂျစ်လူမျိုးဖြစ်ပါ၏။ ဖျားနာနေသောကြောင့်ကျွန်တော်အားလွန်ခဲ့ သည့်သုံးရက်ကပင်သခင်ကထားခဲ့ပါ၏။- Garrad Bible ဒါ ဝိဒ် က၊ သင် သည် မည် သူ့ လူ၊ မည် သည့် အ ရပ် သား ဖြစ် သ နည်း ဟု မေး လျှင် ကျွန် တော် သည် အာ မ လက် လူ မျိုး တစ် ယောက်၏ အ စေ ခံ၊ အိ ဂျစ် ပြည် သား လူ ငယ် ဖြစ် ပါ၏။ မ ကျန်း မ မာ သော ကြောင့် လွန် ခဲ့ သော သုံး ရက် တွင် သ ခင် စွန့် ထား ခဲ့ ပါ ပြီ။ Judson Bible ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ |
ထို့နောက် ဒါဝိဒ်က မိမိကိုသတင်းကြားပြောသောလူငယ်အား “သင် အဘယ်ကနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် တိုင်းတစ်ပါးသားအာမလက်လူမျိုး ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။
သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
ထိုအခါ သူတို့က “ယခု ပြောပါလော့။ ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်မှာ မည်သူ့ကြောင့်နည်း။ သင် မည်သည့်အလုပ်လုပ်သနည်း။ မည်သည့်အရပ်မှ လာသနည်း။ မည်သည့်ပြည်သား ဖြစ်သနည်း။ မည်သည့်လူမျိုး ဖြစ်သနည်း”ဟု မေးကြလျှင်
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
သူသည် သုံးရက်သုံးညတိုင်တိုင် အစာကိုမစားရ၊ ရေကိုမသောက်ရသဖြင့် သူ့အား သဖန်းပျဉ်အနည်းငယ်နှင့် စပျစ်သီးခြောက်နှစ်ခိုင်တို့ကို ကျွေးရာ သူသည် စား၍ အားပြန်ပြည့်လာ၏။
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။