Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​န 1:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုအခါ သူ​တို့​က “​ယခု ပြော​ပါ​လော့​။ ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​မှာ မည်သူ့​ကြောင့်​နည်း​။ သင် မည်သည့်​အလုပ်​လုပ်​သနည်း​။ မည်သည့်​အရပ်​မှ လာ​သနည်း​။ မည်သည့်​ပြည်သား ဖြစ်​သနည်း​။ မည်သည့်​လူမျိုး ဖြစ်​သနည်း​”​ဟု မေး​ကြ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို အ ခါ သူ တို့ က၊ မည် သူ့ အ တွက် ကြောင့် ဤ ဘေး သင့် ရောက် သည် ကို ပြော ပါ လော့။ သင် လုပ် ဆောင် သော အ မှု ကား မည် သို့ နည်း။ မည် သည့် အ ရပ် က လာ သ နည်း။ မည် သည့် ပြည်၊ မည် သည့် အ မျိုး သား ဖြစ် သ နည်း ဟု မေး မြန်း ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 တစ်​ဖန် သူ​တို့​က၊ အ​ဘယ်​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ပြော​ပါ​လော့။ သင်​ဆောင်​ရွက်​သော​အ​မှု​ကား၊ အ​ဘယ်​အ​မှု​နည်း။ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း။ အ​ဘယ်​ပြည်၊ အ​ဘယ်​အ​မျိုး​သား ဖြစ်​သ​နည်း​ဟု မေး​မြန်း​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န 1:8
5 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​က ယောသပ်​၏​ညီအစ်ကို​တို့​အား “​သင်​တို့​သည် မည်သည့်​အလုပ်​ကို​လုပ်ကိုင်​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​မှစ၍ သခင့်​အစေအပါး​အကျွန်ုပ်​တို့​သည် သိုးထိန်း​များ​ဖြစ်​ကြ​ပါ​၏​”​ဟု ဖာရော​မင်းကြီး​အား လျှောက်​ကြ​၏​။


သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။


ထိုအခါ ယောရှု​က အာခန်​အား “​ငါ့​သား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လော့​။ ကျေးဇူးတော်​ကို ချီးမွမ်း​လော့​။ သင်​ပြု​သော​အမှု​ကို ငါ့​အား ယခု​ပြော​ပါ​လော့​။ ဘာမျှ ဖုံးကွယ်​မ​ထား​နှင့်​”​ဟု ဆို​၏​။


ထိုအခါ ရှောလု​မင်းကြီး​က ယောနသန်​အား “​သင်​မည်သို့​ပြု​မိ​သနည်း​။ ငါ့​အား​ပြောပြ​လော့​”​ဟု ဆို​သော် ယောနသန်​က “​စင်စစ် အကျွန်ုပ်​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ဖြင့် ပျားရည်​အနည်းငယ်​ကို ယူ​၍​စား​မိ​ပါ​ပြီ​။ ထို့ကြောင့် ယခု အကျွန်ုပ်​ကို​သေဒဏ်​ပေး​ပါ​”​ဟု ဆို​၏​။


ထိုအခါ ဒါဝိဒ်​က သူ့​အား “​သင်​သည် မည်သူ​၏​လူ ဖြစ်​သနည်း​။ မည်သည့်​အရပ်​က လာ​သနည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​မှ​လာ​ပါ​၏​။ အာမလက်​အမျိုးသား​တစ်​ဦး​၏​ကျွန် ဖြစ်​ပါ​၏​။ လွန်ခဲ့​သော​သုံး​ရက်​က အကျွန်ုပ်​ဖျားနာ​သဖြင့် အကျွန်ုပ်​၏​သခင်​သည် အကျွန်ုပ်​ကို ပစ်ထား​ခဲ့​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ