အကယ်၍သာ အကျွန်ုပ်သတ်မိလျှင် ကိုယ့်အသက်ကိုကိုယ် အန္တရာယ်ပေးမိပြီ။ ရှင်ဘုရင်ထံမှ ကွယ်ဝှက်၍ရသောအရာ တစ်စုံတစ်ခုမျှမရှိပါ။ သင်သည်လည်း အကျွန်ုပ်ဘက်မှ ရပ်တည်ပေးမည်မဟုတ်ပါ”ဟု ဆို၏။
၁ ရာ 28:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုမိန်းမက “စင်စစ် ရှောလုမင်းကြီးသည် နတ်ဝင်သည်များ၊ နတ်ထိန်းသည်များအား တိုင်းပြည်ထဲမှ သုတ်သင်ဖယ်ရှားပစ်လိုက်သည်ကို သင်သိပါလျက်နှင့် အကျွန်ုပ်အသတ်ခံရအောင် အဘယ်ကြောင့် ထောင်ချောက်ဆင်သနည်း”ဟု ပြန်ပြော၏။ Common Language Bible ထိုအမျိုးသမီးက``ရှောလုမင်းသည်ဗေဒင် ဆရာနှင့်နတ်ဝင်သည်တို့အား ဣသရေလ ပြည်မှအဘယ်သို့နှင်ထုတ်တော်မူခဲ့သည် ကိုသင်အမှန်ပင်သိပါလျက် ကျွန်မအသတ် ခံရလေအောင်အဘယ်ကြောင့်ဤသို့ကျွန်မ အားကျော့ကွင်းထောင်၍ဖမ်းပါသနည်း'' ဟု ဆို၏။ Garrad Bible က ဝေ မ က က ဝေ နှင့် မှော် ဝင် တို့ ကို ပြည် နယ် အ တွင်း ရှော လု မင်း ပယ် ရှား သော အ မှု ကို သိ လျက် ငါ့ အ သက် သေ စေ ခြင်း ငှါ အ ဘယ် ကြောင့် ကွင်း ထောင် သ နည်း ဟု ပြန် ဆို ရာ Judson Bible မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ |
အကယ်၍သာ အကျွန်ုပ်သတ်မိလျှင် ကိုယ့်အသက်ကိုကိုယ် အန္တရာယ်ပေးမိပြီ။ ရှင်ဘုရင်ထံမှ ကွယ်ဝှက်၍ရသောအရာ တစ်စုံတစ်ခုမျှမရှိပါ။ သင်သည်လည်း အကျွန်ုပ်ဘက်မှ ရပ်တည်ပေးမည်မဟုတ်ပါ”ဟု ဆို၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
သင်တို့သည်နတ်ဝင်သည်များနှင့် နတ်ထိန်းများအားဖြင့် ညစ်ညူးခြင်းသို့မရောက်အောင် သူတို့ထံသို့ မသွားနှင့်။ သူတို့ကို မမေးမြန်းနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။
ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။