၁ ရာ 28:3 - မြန်မာ့စံမီသမ္မာကျမ်း3 ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ရှ မွေ လ ကွယ် လွန် ခဲ့ ရာ ဣ သ ရေ လ တစ် မျိုး လုံး ငို ကြွေး မြည် တမ်း မှု ကို ပြု ပြီး လျှင် ချက် သို ရာ ရာ မ မြို့ တွင် သင်္ဂြိုဟ် ခဲ့ ပြီ။ က ဝေ နှင့် မှော် ဝင် တို့ ကို လည်း ပြည် နယ် အ တွင်း ရှော လု မင်း သုတ် သင် ပြီး ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ အခန်းကိုကြည့်ပါ။ |