အကယ်၍ မိန်းမ၏ဖခင်က မပေးစားလိုလျှင် ထိုယောက်ျားသည် အပျိုကညာကိုတင်တောင်းရသောမင်္ဂလာကြေးနှင့်အညီ ငွေပေးလျော်ရမည်။
၁ ရာ 28:3 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။ Common Language Bible ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။ Garrad Bible ရှ မွေ လ ကွယ် လွန် ခဲ့ ရာ ဣ သ ရေ လ တစ် မျိုး လုံး ငို ကြွေး မြည် တမ်း မှု ကို ပြု ပြီး လျှင် ချက် သို ရာ ရာ မ မြို့ တွင် သင်္ဂြိုဟ် ခဲ့ ပြီ။ က ဝေ နှင့် မှော် ဝင် တို့ ကို လည်း ပြည် နယ် အ တွင်း ရှော လု မင်း သုတ် သင် ပြီး ဖြစ် သ တည်း။ Judson Bible ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ |
အကယ်၍ မိန်းမ၏ဖခင်က မပေးစားလိုလျှင် ထိုယောက်ျားသည် အပျိုကညာကိုတင်တောင်းရသောမင်္ဂလာကြေးနှင့်အညီ ငွေပေးလျော်ရမည်။
သင်တို့သည်နတ်ဝင်သည်များနှင့် နတ်ထိန်းများအားဖြင့် ညစ်ညူးခြင်းသို့မရောက်အောင် သူတို့ထံသို့ မသွားနှင့်။ သူတို့ကို မမေးမြန်းနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ယောက်ျားထဲတွင်ဖြစ်စေ၊ မိန်းမထဲတွင်ဖြစ်စေ နတ်ဝင်သည်၊ သို့မဟုတ် နတ်ထိန်းရှိလျှင် မုချအသတ်ခံရမည်။ ထိုသို့သောသူတို့ကို ခဲနှင့်ပေါက်သတ်ရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည် နတ်ဝင်သည်များနှင့်နတ်ထိန်းများထံသို့လှည့်၍ သူတို့နောက်သို့လိုက်ပြီး ဖောက်ပြန်မှားယွင်းလျှင် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။
သို့သော် ထိုမိန်းမက “စင်စစ် ရှောလုမင်းကြီးသည် နတ်ဝင်သည်များ၊ နတ်ထိန်းသည်များအား တိုင်းပြည်ထဲမှ သုတ်သင်ဖယ်ရှားပစ်လိုက်သည်ကို သင်သိပါလျက်နှင့် အကျွန်ုပ်အသတ်ခံရအောင် အဘယ်ကြောင့် ထောင်ချောက်ဆင်သနည်း”ဟု ပြန်ပြော၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။