ဘုရားသခင်သည် နိုင်ငံတော်ကို ရှောလုမင်းကြီး၏အမျိုးအနွယ်လက်မှရုပ်သိမ်းပြီး ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးပြည်၊ ယုဒပြည်တို့တွင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ကို တည်စေတော်မူမည်”ဟု ဆိုလျှင်
၁ ရာ 28:17 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အား ထာဝရဘုရား မြွက်ဆိုတော်မူသည့်အတိုင်း သင်၌ ပြုတော်မူပြီ။ ထာဝရဘုရားသည် သင့်လက်ထဲရှိနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်အမျိုးသားချင်းဒါဝိဒ်အား ပေးတော်မူပြီ။ Common Language Bible ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။- Garrad Bible ငါ့ အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ထာ ဝ ရ ဘု ရား စီ ရင် လျက် တိုင်း နိုင် ငံ ကို သင့် လက် မှ ဆုတ် ဖြတ်၍ တစ် ပါး သူ ဒါ ဝိဒ် အား လွှဲ အပ် တော် မူ လေ ပြီ။ Judson Bible ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။ |
ဘုရားသခင်သည် နိုင်ငံတော်ကို ရှောလုမင်းကြီး၏အမျိုးအနွယ်လက်မှရုပ်သိမ်းပြီး ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးပြည်၊ ယုဒပြည်တို့တွင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ကို တည်စေတော်မူမည်”ဟု ဆိုလျှင်
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်၍ အစ္စရေးနိုင်ငံသည် သင့်လက်၌ တည်မည်ကို ငါသိပြီ။
ရှမွေလကလည်း “ထာဝရဘုရားသည် သင့်ကိုစွန့်ပစ်၍ သင့်ရန်သူဖြစ်သွားသည်ကိုပင် အဘယ်ကြောင့် ငါ့ကို မေးမြန်းသေးသနည်း။