၁ ရာ 26:6 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။ Common Language Bible ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။ Garrad Bible ထို နောက် ဒါ ဝိဒ် က ရှော လု မင်း တပ် ချ ရာ သို့ မည် သူ လိုက် မည် နည်း ဟု ဟိ တ္တိ အ မျိုး သား အ ဟိ မ လက် နှင့် ဇေ ရု ယာ့ သား၊ ယွာ ဘ ညီ၊ အ ဘိ ရှဲ တို့ အား မေး လျှင် ကျွန် တော် လိုက် ပါ မည် ဟု အ ဘိ ရှဲ ဝန် ခံ သည့် အ တိုင်း Judson Bible ဒါဝိဒ်ကလည်း၊ ရှောလုရှိရာတပ်သို့ ငါနှင့်အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊ |
ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
ယေရုဗေရှက်၏သား အဘိမလက်ကို မည်သူသတ်သနည်း။ သေဗက်မြို့တွင် မိန်းမတစ်ယောက်မြို့ရိုးပေါ်မှနေ၍ကြိတ်ဆုံကျောက်ကို ပစ်ချသဖြင့် သူသေခဲ့သည်မဟုတ်လော။ သင်တို့ အဘယ်ကြောင့် မြို့ရိုးနားသို့ ကပ်သွားရသနည်း’ဟု ဆိုလျှင် ‘အရှင့်အစေအပါး ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပြီ’ဟူ၍ လျှောက်တင်လော့”ဟု ညွှန်ကြားလိုက်၏။
လေးသည်တော်တို့သည် မြို့ရိုးပေါ်မှနေ၍ ကျွန်တော်မျိုးတို့ကို လေးနှင့်ပစ်ကြရာ ရှင်ဘုရင်၏လူအချို့ ကျဆုံးကြပါ၏။ အရှင့်အမှုထမ်း ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပါပြီ”ဟု လျှောက်လေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘထံသို့ လူလွှတ်၍ “ဟိတ္တိလူမျိုး ဥရိယကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆိုသဖြင့် ယွာဘသည် ဥရိယကို ဒါဝိဒ်မင်းကြီးထံ လွှတ်လိုက်လေ၏။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ဒါဝိဒ်မင်းကြီးက ယွာဘ၊ အဘိရှဲနှင့် အိတ္တဲတို့အား “ငါ့မျက်နှာကို ထောက်ပြီး သားတော်အဗရှလုံကို သက်ညှာပေးပါ”ဟု မိန့်မှာ၏။ ရှင်ဘုရင်က အဗရှလုံနှင့်ပတ်သက်၍ တပ်မှူးအားလုံးတို့အား ဤသို့မိန့်မှာသည်ကို လူအပေါင်းတို့ ကြားကြ၏။
ဇေရုယာသား ယွာဘနှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့လည်း ထွက်လာ၍ ဂိဗောင်ရေကန်နား၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြ၏။ တစ်ဖွဲ့သည် ရေကန်၏တစ်ဖက်တွင်နေရာယူ၍ အခြားတစ်ဖွဲ့သည် ရေကန်၏အခြားတစ်ဖက်တွင် နေရာယူကြ၏။
ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။
ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကြီး၏။
အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။
ထို့ကြောင့် ဒါဝိဒ်နှင့် အဘိရှဲသည် ညအချိန်တွင် တပ်စခန်းသို့ ဆင်းသွားရာ ရှောလုသည် တပ်စခန်းထဲ၌ အိပ်နေပြီး သူ၏လှံတံကို သူ့ခေါင်းရင်း မြေကြီးပေါ်တွင် ထိုးစိုက်ထားသည်ကို တွေ့ရ၏။ အာဗနာနှင့် တပ်သားတို့သည်လည်း သူ့ကို ဝိုင်းရံလျက် အိပ်နေကြ၏။