အကြီးအကဲတို့သည် အကျွန်ုပ်ကိုအကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။
၁ ရာ 26:18 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏သခင်၊ အဘယ်ကြောင့် သခင့်အစေအပါးနောက်သို့ လိုက်နေရပါသနည်း။ အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ မည်သည့် အမှားပြုမိပါသနည်း။ Common Language Bible အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။- Garrad Bible အ ရှင် သည် ကျွန် တော် မျိုး ကို အ ဘယ် ဒု စ ရိုက် ပြု မိ သော ကြောင့် လိုက် လံ တော် မူ ပါ သ နည်း။ Judson Bible တစ်ဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော် အဘယ်အပြစ် ရှိပါသနည်း။ |
အကြီးအကဲတို့သည် အကျွန်ုပ်ကိုအကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။
အကြောင်းမူကား သူတို့သည် အကြောင်းမဲ့ အကျွန်ုပ်အတွက် ပိုက်ကွန်ကို လျှို့ဝှက်စွာထောင်ထားကြ၏။ အကြောင်းမဲ့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဖမ်းမိရန် တွင်းကိုတူးကြ၏။
အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည် အကျွန်ုပ်၏ဦးခေါင်းပေါ်ရှိဆံပင်များထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကိုဖယ်ရှားသုတ်သင်လိုသည့် လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် အားကြီးကြပါ၏။ အကျွန်ုပ်မလုယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်ပေးရပါမည်လော။
ထို့ပြင် ယေရမိက ဇေဒကိမင်းကြီးအား “အကျွန်ုပ်ကို ထောင်ချရအောင် အကျွန်ုပ်သည် မင်းကြီးနှင့် မင်းကြီး၏အစေအပါးများ၊ ဤပြည်သူပြည်သားများကို မည်သို့ပြစ်မှားမိသနည်း။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
ယေရှုကလည်း“ငါပြောသောအရာမမှန်လျှင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း”ဟု ထိုသူအား မိန့်တော်မူ၏။
သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ သမ္မာတရားကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။
ဒါဝိဒ်ကလည်း “ယခု အကျွန်ုပ် မည်သို့ပြုမိသနည်း။ ဤအကြောင်းအရာကို မေးခွင့်မရှိသလော”ဟု ပြန်ပြောပြီး
ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။
ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။