ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
၁ ရာ 26:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဒါဝိဒ်က အာဗနာအား “သင်သည် ယောက်ျား မဟုတ်သလော။ အစ္စရေးပြည်တွင် သင့်ကို မည်သူယှဉ်နိုင်သနည်း။ သင့်သခင်ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်ရှောက်သနည်း။ သင့်သခင်ရှင်ဘုရင်ကို သုတ်သင်ရန် လူတစ်ယောက်ဝင်သွားလေပြီ။ Common Language Bible ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။- Garrad Bible ဒါ ဝိဒ် က၊ သင် သည် သူ ရဲ ကောင်း ဖြစ် သည် မ ဟုတ် လော။ ဣ သ ရေ လူ မျိုး တွင် သင် နှင့် မည် သူ တူ သ နည်း။ သို့ ဖြစ် လျက် အ ဘယ် ကြောင့် ကိုယ့် အ ရှင် ဘု ရင် မင်း ကို မ စောင့် ကြပ် သ နည်း။ သင့် အ ရှင် ဘု ရင် မင်း ကို လုပ် ကြံ ရန် လူ တစ် ယောက် ဝင် လေ ပြီ တ ကား။ Judson Bible ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှာ လူတစ်ယောက်ဝင်လေပြီ။ |
ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
ထို့နောက် တပည့်တော်တို့ထံသို့ ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“သင်တို့သည် တစ်နာရီမျှ ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။
စစ်သည်များနှင့် နေရ၏သားအာဗနာကို အော်ခေါ်ပြီး “အို အာဗနာ၊ ငါ့ကို သင်မထူးသလော”ဟု မေးလျှင် အာဗနာက “ရှင်ဘုရင်ကို အော်ခေါ်နေသောသူကား မည်သူနည်း”ဟု ပြန်ပြော၏။
သင် ဤသို့ပြုသည်မှာ မကောင်းမသင့်ပေ။ ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရား၏ဘိသိက်ခံ သင်၏ရှင်ဘုရင်ကို သင်မစောင့်ရှောက်နိုင်သောကြောင့် သင်သည် အမှန်ပင် သေသင့်သောသူဖြစ်၏။ ယခု ကြည့်ပါ။ ရှင်ဘုရင်၏ခေါင်းရင်း၌ထားသော လှံနှင့်ရေဘူးကား အဘယ်မှာနည်း”ဟု အော်ပြောလေ၏။