ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
၁ ရာ 26:14 - မြန်မာ့စံမီသမ္မာကျမ်း စစ်သည်များနှင့် နေရ၏သားအာဗနာကို အော်ခေါ်ပြီး “အို အာဗနာ၊ ငါ့ကို သင်မထူးသလော”ဟု မေးလျှင် အာဗနာက “ရှင်ဘုရင်ကို အော်ခေါ်နေသောသူကား မည်သူနည်း”ဟု ပြန်ပြော၏။ Common Language Bible ရှောလု၏တပ်သားများနှင့်အာဗနာအား``အို အာဗနာသင်သည်ငါပြောသည်ကိုကြား ရပါ၏လော'' ဟုဟစ်အော်လေ၏။ အာဗနာက``မင်းကြီးအိပ်ရာမှနိုးအောင်အော် ဟစ်နေသူကားအဘယ်သူနည်း'' ဟုမေး၏။ Garrad Bible နေ ရ သား အာ ဗ နာ နှင့် ရဲ မက် တို့ ကို ဟစ် ခေါ် ပြီး လျှင် အို အာ ဗ နာ၊ သင် မ ထူး ဘဲ နေ မည် လော ဟု မေး သော် ဘု ရင် မင်း ကို ဟစ် သော သင် ကား မည် သူ နည်း ဟု အာ ဗ နာ ပြန် ဆို ရာ Judson Bible အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသားအာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊ |
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။
ဒါဝိဒ်သည် လွင်ပြင်ကျယ်ကြီး၏အခြားတစ်ဖက်သို့ ကူးသွားပြီး အဝေးရှိတောင်ကုန်း၏ထိပ်တွင် ရပ်နေပြီးလျှင်
ထို့ကြောင့် ဒါဝိဒ်က အာဗနာအား “သင်သည် ယောက်ျား မဟုတ်သလော။ အစ္စရေးပြည်တွင် သင့်ကို မည်သူယှဉ်နိုင်သနည်း။ သင့်သခင်ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်ရှောက်သနည်း။ သင့်သခင်ရှင်ဘုရင်ကို သုတ်သင်ရန် လူတစ်ယောက်ဝင်သွားလေပြီ။